ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ
စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကိုကျင့်သုံး၍
ဖွဲ့စည်းခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပြည်ထောင်စု
အစိုးရအဖွဲ့ ပထမသက်တမ်း အထိမ်းအမှတ်အဖြစ် ငါးထောင်ကျပ် တန် ငွေဒင်္ဂါးကို
မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ ထုတ်ဝေမည်ဖြစ်သည်။
အထိမ်းအမှတ်အတွက်ထုတ်ဝေသည့် ဒင်္ဂါးသည် ငွေစင်ငွေသား (၉၂ ဒသမ ၅၀)
ရာခိုင်နှုန်းဖြင့် သွန်းလုပ် ထားပြီး အလေးချိန်(၂၀)ဂရမ်နှင့် အချင်း(၂၅)
မီလီမီတာရှိသည်။
အထိမ်းအမှတ် ဒင်္ဂါး၏ရှေ့ဘက်တွင်
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ရိုက်နှိပ်ထားပြီး အထိမ်း အမှတ်
တံဆိပ်အောက်ဘက်တွင် ၅၀၀၀ ကျပ်နှင့် ထုတ်လုပ်သည့်နှစ် ၂၀၁၅ ဟု ပါရှိသည်။
ငွေဒင်္ဂါး၏ရှေ့ဘက် ပတ်လည် အပေါ်ဘက်တွင် ပြည်ထောင်စုသမ္မတ မြန်မာ
နိုင်ငံတော်အစိုးရဟု လည်းကောင်း၊ အောက် ဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟု
လည်းကောင်း ပါရှိသည်။
အထိမ်းအမှတ်ဒင်္ဂါး၏ကျောဘက်တွင်
တော်ဝင်ဆင်ဖြူတော်ပုံ ရိုက်နှိပ် ထားပြီး ဆင်ဖြူတော်ပုံ၏ အောက်တွင် 5000
Kyats နှင့် ထုတ်လုပ်သည့် ခုနှစ် 2015 ဟု ပါရှိသည်။ ငွေဒင်္ဂါးကျောဘက် ပတ်လည်
အပေါ်ဘက်တွင် THE GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR
ဟုလည်းကောင်း၊ အောက်ဘက်တွင် CENTRAL BANK OF MYANMAR ဟုလည်းကောင်း
ပါရှိသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပထမသက်တမ်း
အထိမ်း အမှတ် ငွေဒင်္ဂါးကို အကန့် အသတ်ဖြင့် သွန်းလုပ်ခြင်းဖြစ်ပြီး ၀ယ်ယူ
လိုပါက မြန်မာ့ကျောက်မျက် ရတနာ လုပ်ငန်း အရောင်း ဆိုင်များ တွင်
ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်
ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
Credit To >>> Democracy News
Thursday, November 5, 2015
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ ပထမ သက်တမ်း အထိမ်းအမှတ် ငွေဒင်္ဂါး ထုတ်ဝေမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment