ရွေးကောက်ပွဲအပြီး ၂၀၁၆ တွင် ဖြစ်ပေါ်လာမည့် အ စိုးရအဖွဲ့သစ်ကို
ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့
စည်းနိုင်မည်မဟုတ်ဘဲ စစ်တပ် အလိုကျ လက်ရှိသမ္မတရုံးအမှတ် (၂) ၀န်ကြီး
ဦးစိုးမောင် သမ္မ္မတ သစ်ဖြစ်လာနိုင်ကြောင်း မြန်မာ့ အရေးကျွမ်းကျင်သူ
လယ်ရီဂျေ ဂင်က ခန့်မှန်းသည်။
ရွေးကောက်ပွဲကျင်းပရန် ဆယ်ရက်အလို အောက်တိုဘာ ၂၉ ရက်က မန္တလေးမြို့တွင် ပြု
လုပ်ခဲ့သည့် ရွေးကောက်ပွဲအလွန် မြန်မာ့ရေးရာနှင့် လားရာဆွေး နွေးပွဲ၌
မြန်မာ့အရေးကျွမ်းကျင် သူ နိုင်ငံရေးပညာရှင် လယ်ရီဂျေ ဂင်က အထက်ပါအတိုင်း
ပြော ကြားခြင်းဖြစ်သည်။
လာမည့်ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီအနိုင်ရနိုင်ခြေ
ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်အနေဖြင့်
လာမည့်ရွေး ကောက်ပွဲတွင် ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော်
မဲဆန္ဒနယ်မြေများ၌ လွှတ်တော် အမတ်နေရာ ၆၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိမှသာ
အစိုးရဖွဲ့နိုင်မည် ဖြစ်သည်။
တပ်မတော်နှင့် ပြည်ခိုင်ဖြိုး ပါတီသည် လူထုထောက်ခံမှုအား ကောင်းသည့် ဒီချုပ်ပါတီကို ယှဉ် ပြိုင်နိုင်မည်မဟုတ်သော်လည်
လွှတ်တော်မဲဆန္ဒနယ်အချို့ တွင် ရွေးကောက်ပွဲ မကျင်းပခြင်း ဖြင့်
တပ်မတော်သားကိုယ်စား လှယ်များ၏ လွှတ်တော်တွင်းပါ ၀င်မှု
ရာခိုင်နှုန်းမြင့်တက်လာမည် ဖြစ်ပြီး တပ်မတော်သား၊ ပြည်ခိုင် ဖြိုးအမတ်နှင့်
အမျိုးသားလွှတ် တော်သို့ ရောက်ရှိလာမည့် တိုင်း ရင်းသားအမတ်အချို့၏
ပူးပေါင်း မှုက ပြည်ထောင်စုလွှတ်တော်၏ ၆၀ ရာခိုင်နှုန်းကျော် ကိုယ်စားပြု
ခွင့်ရကာ အစိုးရအဖွဲ့သစ်ကို တပ်မတော်စိတ်ကြိုက်ဖွဲ့စည်း
တပ်မတော်သည် ပြည်သူ လူထုထံမှ ချစ်ခင်အားကိုးမှုကို ရ ယူလိုသော်လည်း
တပ်မတော် သားမဟုတ်သည့် အရပ်သားတစ် ဦးကို သမ္မတဖြစ်လာနိုင်သည်အ ထိ
ယုံကြည်မှုပေးမည်မဟုတ်ဟု လယ်ရီဂျေဂင်က ခန့်မှန်းသည်။
ထို့အတွက်
ဦးစိုးမောင်ကို သမ္မတအဖြစ် တင်မြှောက်ပြီး အ ချို့ကို နောက်ကွယ်မှ
ထိန်းချုပ် ကာ လူထုထောက်ခံမှုအားကောင်း သည့် အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်နှင့် အတူလက်တွဲလုပ်နိုင်ရန် ကြိုးစားဖွယ်ရှိသည်ဟု ၎င်းက ဆို သည်။
‘‘တပ်ရဲ့အဓိက ပြဿနာက တပ်ကမဟုတ်တဲ့ အရပ်သားကို ယုံကြည်မှုမရှိဘူး’’ဟု လယ်ရီဂျေ ဂင်က ပြောကြားသည်။
လက်ရှိသမ္မတရုံးဝန်ကြီး တာဝန်ယူထားသည့် ဦးစိုးမောင် သည့် နောက်ကွယ်တွင်
စစ်တပ် နှင့် အားကောင်းသည့် ဆက်ဆံ ရေးရှိပြီး တပ်မတော်သား (သို့မ ဟုတ်)
ပြည်ခိုင်ဖြိုးပါတီမှ အမည် စာရင်းတင်သွင်းသည့် ဒုသမ္မတ လောင်းဖြစ်လာကာ
သမ္မတရာ ထူးရယူဖွယ်ရှိသည်ဟု ၎င်းက သုံးသပ်သည်။
‘‘သမ္မတဦးသိန်းစိန်ဟာ
တစ် ကြိမ်ပဲဖြစ်နိုင်မယ်လို့ ၂၀၁၃ လောက်ကတည်းက ကျွန်တော် ပြောခဲ့ဖူးပါတယ်။
ဦးသိန်းစိန်မှ မ ဟုတ်ပါဘူး။ အစိုးရအဖွဲ့တစ်ခု လုံးမှာ လူဟောင်းတွေကို
ရှင်း လင်းပြီး ပိုပြီးလုပ်ရည်ကိုင်ရည်ရှိ တဲ့ လူသစ်တွေနဲ့ အစားထိုးမယ်
လို့ ထင်ပါတယ်’’ဟု လယ်ရီဂျေ ဂင်က ပြောသည်။
၎င်း၏ ပြောဆိုချက်များ သည် ခန့်မှန်းချက်များသာဖြစ်ပြီ
မြန်မာ့နိုင်ငံရေးတွင် အရပ် သားစစ်စစ်သမ္မတသည် ၂၀၂၀ နောက်ပိုင်းမှသာ ဖြစ်လာနိုင်ခြေ ရှိကြောင်း ၎င်းက ခန့်မှန်းသည်။
Credit To >>> Myanmar Online News
Saturday, October 31, 2015
သမ္မတရုံးဝန်ကြီးဦးစိုးမောင် သမ္မတဖြစ်လာနိုင်ဟု လယ်ရီဂျေဂင် ခန့်မှန်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment