Saturday, October 31, 2015

သြစတေးလျအလုပ်အကိုင်ရှာဖွေရေးမှ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံ


သြစတေးလျနိုင်ငံအခြေစိုက် အွန်လိုင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ MMOne Online Group မှ မြန်မာနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးဈေးကွက်မှာ လာရောက်ရင်းနှီးမြုပ်နှံမှုပြုလုပ်ပြီး jobnet.com.mm အလုပ်အကိုင်ရှာဖွေရေး ၀က်ဆိုက်ကို အောက်တိုဘာလအတွင်းက မိတ်ဆက်ခဲ့ပါတယ်။

JobNet.com.mm ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Matt De Luca က “အလုပ်ရှာဖွေနေသူတွေနဲ့ လုပ်ငန်ရှင်တွေအကြား အဆင်ပြေစေမယ့် ပေါင်းကူးတစ်ခုဖြစ်အောင် ၀က်ဆိုက်ရဲ့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းတွေကို အသုံးပြုနိုင်ပြီး ၀န်ဆောင်မှုပေးနေပါတယ်လို့” ဆိုပါတယ်။
Website အသုံးပြုသူတွေအနေနဲ့ အင်ဂျင်နီယာ၊ အရောင်း၊ ဈေးကွက်နဲ့ ငွေကြေး စတဲ့ ကဏ္ဍစုံလိုအပ်ချက်အတွက် မိမိအရည်အချင်းနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်တွေကို အချိန်တိုအတွင်းမှာ ရှာဖွေနိုင်တယ်တဲ့ နည်းပညာတွေကို အသုံးပြုထားတယ်လို့ သိရပါတယ်။ လုပ်ငန်းရှင်တွေအတွက်လည်း ၀က်ဆိုက်ပေါ်မှာ မှတ်ပုံတင်ပြီး မိမိတို့ရဲ့လိုအပ်ချက်အပေါ် မူတည်ပြီး ၀န်ထမ်းတွေကို ရှာဖွေနိုင်တယ်လို့သိရပါတယ်။
MMOne group ရဲ့ ပူးတွဲတည်ထောင်သူနှင့် CEO ဖြစ်တဲ့ Mr. Justin Sway ဟာ မြန်မာပြည်ဖွားတစ်ယောက်ဖြစ်ပြီး အသက်လေးနှစ်အရွယ်မှာ သြစတေးလျသို့ရွှေ့ပြောင်းနေထိုင်ခဲ့တယ်လို့သိရပါတယ်။ ၁၉၉၂ ခုနှစ် Fast Track Pty., Ltd ကို တည်ထောင်ချိန်မှာ Mr. Sway ဟာ အိုင်တီပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး သြစတေးလျအပြင် နယူးဇီလန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။
Mr. Sway က “မြန်မာနိုင်ငံကို သုံးနှစ်တာအနီးကပ်စောင့်ကြည့်မှုကနေ လက်ရှိအချိန်ဟာ ဈေးကွက်ထဲဝင်ဖို့နဲ့ Jobnet.com.mm ကိုအသက်သွင်းဖို့အချိန်ကောင်းဖြစ်ပါတယ်။ မိုဘိုင်းဖုန်းအသုံးပြုတာတွေက တစ်ရက်ထက်တရက်မြင့်တင်လာပြီး မကြာခင်မှာ နိုင်ငံရဲ့ ဧရိယာ တော်တော်များများကို ချိတ်ဆက်မိမှာဖြစ်တဲ့အတွက် အွန်လိုင်းဈေးကွက်အတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ဆက်လက်ပေးသွားဖို့ရှိပါတယ်။” လို့ဆိုပါတယ်။
MMOne group ဟာ သြစတေးလျရှိ အသုံးပြုသူဈေးကွက်ရဲ့ ၄၀ ရာနှုန်းကျော်ကို အောင်မြင်စွာရရှိထားပြီး ကမ္ဘာတစ်ဝှမ်းရှိ SME နဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ ကော်ပိုရေးရှင်းနှစ်မျိုးလုံးကို ဖောက်သည်အဖြစ်ရရှိထားကာ သြစတေးလျတွင်သာမက ဥရောတခွင်ပါ လုပ်ငန်းတွေကို တိုးချဲ့ထားတယ်လို့သိရပါတယ်။ MMOne group အနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေရေးအပြင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း shweproperty.com ကိုလည်း လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

Credit To >>> Myanmar B2B Management Magazine 

0 comments:

Post a Comment