Friday, July 25, 2014

နိုင်ငံခြားသားများနေထိုင်ခွင့် ငါးနှစ်အတည်ပြုပါက ကွန်ဒိုနှင့်တိုက်ခန်းများ အငှားသွက်လာနိုင်


မြန်မာနိုင်ငံတွင် နိုင်ငံခြား သားများနေထိုင်ခွင့်ကို ငါးနှစ်သက် တမ်းအထိတိုးမြှင့်ပေးသည့်အစီအစဉ်စတင်ပါက လက်ရှိရန်ကုန်မြို့တွင်း ငှားရမ်းမှုကျဆင်းနေသည့် ကွန်ဒိုနှင့် လုံးချင်းအိမ်ငှားရမ်းခြင်းလုပ်ငန်းများ ယခုထက်ပိုမို၍ ကောင်းမွန်လာနိုင် ကြောင်း ရန်ကုန်မြို့ရှိ အိမ်ခြံမြေအ ကျိုးဆောင်များက ပြောဆိုလိုက်သည်။
''အထူးသဖြင့် ငှားရမ်းခဈေးမြင့် ပြီး ဆိတ်ငြိမ်ရပ်ကွက်ဘက်တွေလိုမျိုး ပေါ့။ ရွှေတောင်ကြားလမ်းတို့၊ အင်း လျားလမ်းတို့ဘက်တွေ၊ နောက် ဗဟန်း တချို့ဘက်တွေပေါ့။ အဲဒီဘက်တွေ မှာငှားတာက ၁ဝဦးမှာ ၁ဝ ဦးစလုံး ကျိန်းသေစီးပွားရေးလုပ်ငန်းတစ်ခုခုလုပ်ဖို့အတွက် ငှားကြတာချည်းပဲ။ ဒါပေမဲ့ အခုအဲဒီဘက်တွေ အငှားအေး နေတယ်။ တကယ်လို့သာ ငါးနှစ်နေ ထိုင်ခွင့်ရပြီဆိုရင် ပြန်အလုပ်ဖြစ်လာ နိုင်တယ်''ဟု ပန်းနုခြယ် အိမ်ခြံမြေအ ကျိုးဆောင်လုပ်ငန်းမှ စစ်တမ်းကောက် ယူသူ ကိုမင်းကိုရဲက ပြောသည်။
လက်ရှိတွင် နိုင်ငံခြားသားများ မြန်မာနိုင်ငံတွင်အမြဲတမ်းနေထိုင်ခွင့် (Permanent Resident/PR)ကို ငါးနှစ်သို့သက်တမ်းတိုးမြှင့်ခြင်းကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာမတိုင်မီ အကောင်အထည်ဖော်စီစဉ်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးခင်ရီမှ ပြောကြား ထားပြီးနောက် ယင်းကဲ့သို့ သုံးသပ် ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း လုံး ချင်းအိမ်များ အငှားဈေးကွက်တွင် နေ ရာ၊ အကျယ်အဝန်းနှင့် အခန်းတွင်း ပြင်ဆင်မှုများအပေါ်မူတည်၍ တစ် လလျှင် အနိမ့်ဆုံး ကျပ် ၁၅သိန်းဝန်း ကျင်ဈေးရှိနေပြီး ကွန်ဒိုတိုက်ခန်းဆို ပါက နေရာပေါ်မူတည်ပြီး အငှားဈေး နှုန်း တစ်လလျှင်အနိမ့်ဆုံး ကျပ်သုံး သိန်းဝန်းကျင်ပေါက်ဈေးရှိကြောင်း သိရသည်။
''ကွန်ဒိုတိုက်ခန်းတွေရော လုံး ချင်းတွေပါ အငှားတွေရှားသွားတယ်။ အရင်ကနိုင်ငံခြားသားဖောက်သည် တွေ တစ်လကို လေး၊ ငါး၊ ၁ဝဦး လောက်ကွန်ဒိုတိုက်ခန်းတွေငှားကြတယ်။အခုအငှားဈေးကွက်က တော် တော်နည်းသွားတယ်။ ဈေးနှုန်းတွေ က ကွန်ဒိုအမျိုးအစားပေါ်မူတည်ပေ မယ့် ဒီကကွန်ဒိုတော်တော်များများ ကတော့ ဓာတ်လှေကားပါတာနဲ့ ကွန် ဒိုလို့ပြောပြီး ဈေးတွေတင်နေကြတာ ပါပဲ။ နိုင်ငံခြားသားတော်တော်များ များကတော့ ကွန်ဒိုတွေမှာငှားနေကြ တာများတယ်'' ဟု ရွှေမင်္ဂလာအိမ်ခြံ မြေအကျိုးဆောင်မှ ကိုအာကာက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံ သား ပြည်ဝင်ခွင့်ဗီဇာခြောက်မျိုးဖြင့် လာရောက်နေကြပြီး ရက်ရှည်နေထိုင် ရန် လုပ်ငန်းဗီဇာ၊ လူမှုရေးအလည် အပတ်ဗီဇာ စသည့်ဗီဇာများဖြင့် နေ ထိုင်ခွင့်ပြုထားကြောင်း လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနမှ သိရသည်။

Yangon Media Group

0 comments:

Post a Comment