ချောင်းထဲမှ ရေများသည် တောက်ပနီမြန်းသည့် အရောင်သို့ ပြောင်း သွားခြင်း
ဖြစ် သည်။ အဆိုပါ ချောင်းလေးကို မိုင်ဂျာဗာဟုခေါ်သည်။ ရဲတပ်ဖွဲ့က မိမိ တို့သည်
ယင်းဖြစ်စဉ်ကို စုံစမ်းနေဆဲဟု ပြောကြား ထားသည်။ ဆလိုဗက်ကီးယား နိုင်ငံရှိ ကျေးရွာ တစ်ခုတွင် ဖြတ်သန်း စီးဆင်းနေ သည့်
ချောင်းငယ်လေး တစ်ခုမှ ရေများ အနီရောင် ပြောင်းလဲသွား သဖြင့် ဒေသခံများ
စိုးရိမ်ထိတ်လန့်ခဲ့ကြောင်း သိရှိရသည်။ အယူသီးသူ အချို့က အဆိုပါ ဖြစ်ရပ်သည်
မကောင်းဆိုးရွားတို့၏ သင်္ကေတ လက္ခဏာအဖြစ် ချဲ့ကား ပြောဆိုနေကြသည်။
ယခုသီတင်းပတ်အတွင်း ညတစ်ညတွင် ချက်နိုင်ငံနှင့် နယ်နိမိတ် အနီးတွင်
တည်ရှိသော ရွာကလေး၌ ယခုလို အပြောင်းအလဲ မျိုး ပေါ်ပေါက် လာခြင်း ဖြစ်သည်။
ချောင်း ထဲမှ ရေများသည် တောက်ပနီမြန်းသည့် အရောင်သို့ ပြောင်း သွားခြင်း
ဖြစ် သည်။ အဆိုပါ ချောင်းလေး ကို မိုင်ဂျာဗာဟုခေါ်သည်။ ရဲတပ်ဖွဲ့က မိမိတို့သည်
ယင်းဖြစ်စဉ်ကို စုံစမ်းနေ ဆဲဟု ပြောကြားထားသည်။
သတင်းအမျိုးမျိုး၊ ကောလာဟလ အဖုံဖုံ ထွက်ပေါ်နေသော်လည်း ရဲများက အနီးစပ်ဆုံး
ဖြစ်နိုင်ခြေ သည် မြစ် အထက်ပိုင်း ကမ်းစပ်အနီးရှိ သားသတ်ရုံ တစ်ခုမှ
ရေလွှတ်စနစ် မှားယွင်းပြီး ချောင်းထဲသို့ ဦးတည် ခဲ့၍ ဖြစ်နိုင်ကြောင်း
သုံးသပ်ထားသည်။ အသက်(၆၅)နှစ်ရှိ ရိုမန် ပေါ့ဒ်ဘရီဇိုဗာသည် မနက်ပိုင်း
လမ်းလျှောက်ရင်း ရွာလယ်အရောက်တွင် ယင်းဖြစ်ရပ်ကို စတင်သတိထားမိခဲ့သည်။
"ကိုယ့်မျက်လုံးတောင် ကိုယ်မယုံဘူး။ ချောင်းက လုံးဝနီနေတယ်။ ခြောက်ခြားစရာ
ရုပ်ရှင်ဇာတ်ကား တစ်ခုခုထဲက ပုံရိပ်မျိုးပါ။ မြို့လယ်ခေါင်မှာ
သွေးတွေစီးဆင်းနေသလိုပဲ"ဟု ၎င်းက ဆိုသည်။
ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး အီလီနာ အန်တာလိုဗာကမူ "ကျွန်မတို့ အနေနဲ့ ရေတွေ သွေးရောင်ပြောင်း သွားတဲ့ အရင်းအမြစ်ကို စစ်ဆေးနေပါတယ်။ ငါးအသေတွေကြောင့် လား၊ ဒါမှမဟုတ် သွေးတွေထည့်ထားတဲ့ စည်ပိုင်းတွေ ချောင်းထဲကျသွားတာမျိုး ဖြစ်နိုင်တယ်။ ခုထိ ချောင်းရိုးတစ်လျှောက် စစ်ထားတာတော့ ပြတိုက်နားက ရေထွက်ပေါက်မှာ ရေနီတွေ စဆင်း လာတာ ကို တွေ့ထားတယ်"ဟု ပြောကြားခဲ့သည်။ အဆိုပါချောင်း၏ အထက်ဘက်တွင် သားသတ်ရုံတစ်ခု ရှိနေပြီး အညစ်အကြေးများကို ကန်တစ်ခုထဲတွင် ထည့်သွင်းထားကာ ပြန်လည်သန့်စင်ပြီးမှ ချောင်းထဲသို့ စွန့်ပစ်လေ့ရှိကြောင်း သိရှိရသည်။
From: Planet Myanmar Network

0 comments:
Post a Comment