အင်ဒိုနီးရှားနိုင်ငံ ဆူးမတြား ကျွန်းဆွယ်ရှိ ရွှေ့ပြောင်း
နိုင်ငံခြားသားများ ထိန်းသိမ်းရေး စခန်း၌ မြန်မာ ရှစ်ဦးကို သတ်ဖြတ်ခဲ့သည့်
မွတ်ဆလင် ၁၄ ဦးကို အင်ဒိုနီးရှားနိုင်ငံ တရားရုံးက ဒီဇင်ဘာလ ၄ ရက်နေ့တွင်
ထောင်ဒဏ် ကိုးလစီ ကျခံရန် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း စင်ကာပူ အခြေစိုက်
Straits Times သတင်းဌာနတွင် ဖော်ပြသည်။
အင်ဒိုနီးရှားနိုင်ငံ ဆူမတြား ကျွန်းဆွယ်၊ မယ်ဒန်မြို့နယ် ဘယ်လဝန် ဆိပ်ကမ်းတွင် ဖမ်းဆီး ထိန်းသိမ်း ထားသော မြန်မာနိုင်ငံမှ ခိုးဝင်သူ အချင်းချင်း ဧပြီလ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော သတ်ဖြတ်မှု များကြောင့် ရှစ်ဦးသေ ဆုံးခဲ့ပြီး ၁၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ပြစ်ဒဏ် ချခံရသူများသည် အသက် ၁၈ မှ ၃၇ နှစ်ကြား ရှိသူများဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ငါးဖမ်းရန် ဝင်ရောက် လာသူများဖြစ်ပြီး အကြမ်းဖက်မှုများသည် အမျိုးသမီးနှစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း Straits Times တွင် ဖော်ပြသည်။
အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ရှစ်ဦး အသတ်ခံရမှုကို မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်း ဖော်ထုတ်ပေးရန်၊ အပြစ်ရှိသူများ၊ ပြစ်မှု ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူပေးရန်၊ မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို အလေးထား ဆောင် ရွက်ပေး ရန် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့် ဧပြီလ ၅ ရက်နေ့တွင် အင်ဒိုနီးရှား အစိုးရ ထံ တောင်း ဆိုခဲ့သည်။
The Voice Weekly
0 comments:
Post a Comment