
အိချောပိုက “ကျီးမနိုးပွဲ” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေ ပါတယ်။ ကျီးမနိုးပွဲ ညမှာ ဖြစ်တတ်တဲ့ သဘော သဘာဝကို ရိုက်ကူးထားတဲ့ ဇာတ်ဖြစ်ပြီး အိချောပိုက ကိုယ်တိုင်တော့ ဒီလိုပွဲမျိုးကို မလုပ်ဖူးဘူးလို့ ပြောပြ ပါတယ်။ ဒီဇာတ်ကား ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး လည်း အိချောပိုက..
“ဒီကားက တန်ဆောင်မုန်း လပြည့်ညမှာ ဖြစ်တတ်တဲ့ သဘာဝလေး တွေကို ရိုက်ထားတာ။ ဇာတ်ကလည်း အဆန်းလေးပါ။ ငယ်ငယ်တုန်း ကတော့ မဲဇလီဖူးသုတ် စားတာလောက်ပဲ လုပ်ဖြစ်တယ်။ ကိုယ်တိုင်တော့ အဲဒီ ပွဲကို မလုပ်ဖူးဘူး။ ဒီလို ကျီးမနိုးပွဲလေး အကြောင်း ဆိုတော့ ပရိသတ်တွေ အတွက် အဆန်း ဖြစ်မှာပါ” လို့ ပြောပြ ပါတယ်။
လတ်တလော ထွက်ထားတဲ့ “ကျွန်တော်နဲ့ အရွတ်တုံးလေးများ” ဆိုတဲ့ ဇာတ်ကားမှာ ယောက်ျားလျာ အဖြစ် သရုပ်ဆောင် ထားတဲ့ အိချောပိုကို ဒီဇာတ်ကားနဲ့ ပတ်သက် ပြီး ပရိသတ်တွေ အသံကိုတော့..
“အဲဒီကားမှာ ယောက်ျားလေး နဲ့ တော်တော်တူတယ်လို့ ပြောကြတယ်။ ကိုယ့် အနုပညာသမား အချင်းချင်းတောင် ပြောကြတယ် ဆိုတော့ အရမ်းလည်း ဝမ်းသာ ပါတယ်။ အိချောက ကံပဲ ကောင်းတာလား မသိဘူး။ အိချော ဆီရောက်တဲ့ ဇာတ်လေးတွေက ဆန်းဆန်းလေး တွေ များတယ်။ ထွက်လာရင်လည်း ပရိသတ်တွေ ကြိုက် ကြတယ်။ လက်ခံကြတယ် ဆိုတော့ ဝမ်းသာ တယ်။ အကောင်း ဆုံးဖြစ်အောင် လည်း ကြိုးစား ပါတယ်။ ဇာတ်တွေ ကိုတော့ အစုံ ရိုက်ဖြစ်တယ်။ ပရိသတ်တွေ ကလည်း အကြိုက် အမျိုးမျိုးပေါ့။ အိချောက သွက်သွက်လက်လက် ပြောရ မယ်ဆို ချက်နဲ့ လက်နဲ့ ထိထိမိမိ ပြောတတ် တယ်လို့ ထင်တာပဲ။ ဇာတ် အဆန်းလေး တွေနဲ့ လည်း တိုး တယ်။ ရိုက်တဲ့ အခါ အတတ်နိုင်ဆုံး ကြိုးစားတဲ့ အတွက်လည်း ပရိသတ် တွေ ကြိုက်တာလို့ ထင်ပါ တယ်။ ဒါပေမဲ့တစ်ခါ တလေ လိုအပ် တာလေးတွေ ရှိတဲ့အခါ လည်း ခွင့်လွှတ်ပြီး ကြည့်ပေး စေချင် ပါ တယ်” လို့ ပြောပြ ခဲ့ပါတယ်။
မေမွန်မောင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
0 comments:
Post a Comment