Friday, December 6, 2013

ယာဉ်မရပ်ရ သတ်မှတ်ထားသော လမ်းမများပေါ်တွင် ရပ်နားနေသည့် မော်တော်ယာဉ် ၅၃၄ စီးအား ၂၄ ရက်အတွင်း ဖယ်ရှားအရေးယူခဲ့

ယာဉ်မရပ်ရ သတ်မှတ်ထားသော လမ်းမများပေါ်တွင် ရပ်နားနေသည့် မော်တော်ယာဉ် ၅၃၄ စီးအား ၂၄ ရက်အတွင်း ဖယ်ရှားအရေးယူခဲ့

ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်မရပ်ရအဖြစ် သတ်မှတ်ထားသော ခြောက်လမ်းသွားလမ်းမကြီးများ အပါအ၀င် အဓိကလမ်းမများပေါ်တွင် ရပ်နားနေသည့် မော်တော်ယာဉ် ၅၃၄ စီးအား ဖယ်ရှားအရေးယူခဲ့ကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် သိရသည်။ ယင်းကဲ့သို့ စည်းကမ်းမဲ့ ရပ်နားထားသော မော်တော်ယာဉ် ၅၃၄ စီးမှာ အဆိုပါ စီမံချက်စတင်သည့် နိုဝင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ အရေးယူခဲ့သော ယာဉ်အရေအတွက် ဖြစ်ကြောင်းသိရသည်။

ယာဉ်မရရပ်ရ လမ်းမကြီးများပေါ်တွင် ရပ်နားထားသော ယာဉ်ပိုင်ရှင်များအနေဖြင့် ကရိန်းယာဉ်ဆွဲခ အနီးအဝေးအပေါ် မူတည်၍ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ခုနှစ်သောင်းအထိ ပေးဆောင်ရမည်ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်မှုအတွက် တရားရုံးတွင် ဒဏ်ငွေ(သို့) ထောင်ဒဏ်တို့မှ ပြစ်ဒဏ်တစ်ခုခု ချမှတ်ခံမည့်အပြင် ပြစ်ဒဏ် နှစ်ရပ်စလုံးကိုလည်း ချမှတ်ခံရနိုင်ကြောင်း သိရသည်။

"ကရိန်းယာဉ်တွေနဲ့ ဖယ်ရှားအရေးယူတဲ့အခါမှာ စည်းကမ်းမဲ့ရပ်ထားသည့် ယာဉ်တွေကို မိနစ် ၃၀ ခန့် စောင့်ကြည့်ပြီးတော့မှသာ အရေးယူခြင်း ဖြစ်ပါတယ်။ ကရိန်းတွေနဲ့ ဖယ်ပြီး အရေးယူနေတဲ့အချိန်မှာ ယာဉ်ပိုင်ရှင် ရောက်လာရင်တော့ ကရိန်းယာဉ်တွေနဲ့ မဆွဲတော့ဘဲ စည်ပင်သာယာ ဥပဒေအရ ချလန်ဖြတ်ပြီး အရေးယူနေပါတယ် " ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီးလင်းထွဋ်က ပြောကြားသည်။ အဆိုပါ ယာဉ်မရပ်ရသော လမ်းမကြီးများတွင် ရပ်နားထားသော ယာဉ်များကို နို ၀င်ဘာ ၁၁ ရက်မှ ကရိန်းယာဉ်ဖြင့် ဖယ်ရှား အရေးယူမှုကို စတင်ခဲ့ကြောင်း သိရ သည်။

(ဗဟန်းမြို့နယ်တွင် စည်းကမ်းမဲ့ရပ်ထားသော ကိုယ်ပိုင်ယာဉ်တစ်စီးကို ကရိန်းယာဉ်ဖြင့်ဖယ်ရှားအရေးယူနေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))

Eleven Media Group
ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်မရပ်ရအဖြစ် သတ်မှတ်ထားသော ခြောက်လမ်းသွားလမ်းမကြီးများ အပါအ၀င် အဓိကလမ်းမများပေါ်တွင် ရပ်နားနေသည့် မော်တော်ယာဉ် ၅၃၄ စီးအား ဖယ်ရှား အရေးယူ ခဲ့ကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် သိရသည်။ ယင်းကဲ့သို့ စည်းကမ်းမဲ့ ရပ်နားထားသော မော်တော်ယာဉ် ၅၃၄ စီးမှာ အဆိုပါ စီမံချက်စတင်သည့် နိုဝင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ အရေးယူခဲ့သော ယာဉ်အရေအတွက် ဖြစ်ကြောင်းသိရသည်။

ယာဉ်မရရပ်ရ လမ်းမကြီးများပေါ်တွင် ရပ်နားထားသော ယာဉ်ပိုင်ရှင်များအနေဖြင့် ကရိန်းယာဉ်ဆွဲခ အနီးအဝေးအပေါ် မူတည်၍ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ခုနှစ်သောင်းအထိ ပေးဆောင်ရ မည်ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်မှုအတွက် တရားရုံးတွင် ဒဏ်ငွေ(သို့) ထောင်ဒဏ် တို့မှ ပြစ်ဒဏ်တစ်ခုခု ချမှတ်ခံမည့်အပြင် ပြစ်ဒဏ် နှစ်ရပ်စလုံးကိုလည်း ချမှတ်ခံရနိုင်ကြောင်း သိရသည်။

"ကရိန်းယာဉ်တွေနဲ့ ဖယ်ရှားအရေးယူတဲ့အခါမှာ စည်းကမ်းမဲ့ရပ်ထားသည့် ယာဉ်တွေကို မိနစ် ၃၀ ခန့် စောင့်ကြည့်ပြီးတော့မှသာ အရေးယူခြင်း ဖြစ်ပါတယ်။ ကရိန်းတွေနဲ့ ဖယ်ပြီး အရေးယူနေတဲ့အချိန်မှာ ယာဉ်ပိုင်ရှင် ရောက်လာရင်တော့ ကရိန်းယာဉ်တွေနဲ့ မဆွဲတော့ဘဲ စည်ပင်သာယာ ဥပဒေအရ ချလန်ဖြတ်ပြီး အရေးယူနေပါတယ် " ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီးလင်းထွဋ် က ပြောကြား သည်။ အဆိုပါ ယာဉ်မရပ်ရသော လမ်းမကြီးများတွင် ရပ်နားထားသော ယာဉ်များကို နို ၀င်ဘာ ၁၁ ရက်မှ ကရိန်းယာဉ်ဖြင့် ဖယ်ရှား အရေးယူမှုကို စတင်ခဲ့ကြောင်း သိရ သည်။

(ဗဟန်းမြို့နယ်တွင် စည်းကမ်းမဲ့ရပ်ထားသော ကိုယ်ပိုင်ယာဉ်တစ်စီးကို ကရိန်းယာဉ်ဖြင့် ဖယ်ရှားအရေး ယူနေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))

Eleven Media Group

0 comments:

Post a Comment