Monday, December 9, 2013

မဒီမုန်တိုင်း အားကောင်းဆိုင်ကလုန်းဖြစ်လာ

ယနေ့မြန်မာစံတော်ချိန် ညနေ ၄ နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း 'မဒီ'(Madi)သည် အား အလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏အရှေ့-အရှေ့တောင်ဘက် မိုင်၂၅ဝခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် မိုင်၅၂ဝခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မြောက်ဘက်သို့
ဖြည်းညင်းစွာ ဆက်လက်ရွေ့လျား နိုင်ကြောင်း မိုးလေဝသနှင့်ဇလ
ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်း ထားသည်။

အားအလွန်ကောင်းသော ဆိုင် ကလုန်းမုန်တိုင်း၏ လက်ရှိအခြေ အနေမှာ အဝါရောင်အဆင့်သာရှိသော် လည်း မြန်မာ့ကမ်းရိုးတန်း တစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေ ယာဉ်များ၊သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်ကိုကြိုတင်
သတိ ပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက အကြံပြုထားသည်။

0 comments:

Post a Comment