
မန္တလေးမြို့ကို အခြေပြု ပြေးဆွဲမည့် လေကြောင်းလိုင်း နှစ်လိုင်း ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲရန် ရှိကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။
ယင်း လေကြောင်းလိုင်း နှစ်လိုင်းမှာ မန်းရာဇာ လေကြောင်းလိုင်းနှင့် စစ်ကိုင်း အဲလိုင်းတို့ ဖြစ်ပြီး မန္တလေး အခြေပြု၍ ပြေးဆွဲမည် ဖြစ်သည့် အပြင် နေပြည်တော်ကိုလည်း အခြေပြု၍ ပြေးဆွဲမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
မန္တလေးအခြေပြု လေကြောင်းလိုင်း နှစ်လိုင်းမှာ ဇူလိုင်လက လုပ်ငန်းလုပ်မည့် အစီအစဉ် အဆိုပြုလွှာ တင်ခဲ့ပြီး နေပြည်တော် အခြေပြု ပြေးဆွဲမည့် လေကြောင်းလိုင်း နှစ်လိုင်း ဖြစ်သည့် FMI၊ Apex ကုမ္ပဏီနှစ်ခုက ၂၀၁၃ ခုနှစ် ဧပြီလကုန်ခန့်က အဆိုပြုလွှာ တင်ခဲ့ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
လက်ရှိတွင် ပြည်တွင်း လေကြောင်းလိုင်း ရှစ်လိုင်း ပြေးဆွဲနေပြီး စုစုပေါင်း လေယာဉ် ၅၁ စီးရှိကာ လေယာဉ်ရပ်နားရန် နေရာ ၁၄ နေရာ ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။
The Voice
0 comments:
Post a Comment