
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း 06B MADI ဟာ တဖြည်းဖြည်း ပိုမို အားကောင်းလာကာCategory I အဆင့်ရှိ မုန်တိုငးဖြစ်လာခဲ့ပေမယ့် MADI ရဲ့ ရှေ့ဆက်ရမယ့်ခရီးကတော့ မချောမွေ့နှိုင်ဘူး လို့ ခန့်မှန်းရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ရှိရာဖက်ကိုလာဖို့ ကိစ္စမှာ အာရှတိုက်အလယ်ပိုင်းမှာ ရာသီအလိုက် ဖြစ်ပေါ်နေတဲ့ လေဖိအားများ ရပ်ဝန်းကြီးက တားဆီးထားတဲ့ဖြစ်စဉ်(Blocking High)ဖြစ်နေတာကြောင့် မြန်မာပြည်ကို ၀င်ဖို့ကတော့ မဖြစ်နှိုင်လောက်အောင်ပါဘဲ။
အထူးသဖြင့် (၁၀-၁၂-၂၀၁၃)ရက်မနက်ပိုင်းမှာ အေးပြီးခြောက်သွေ့တဲ့လေတွေ တိုးဝင်လာမှု ကြောင့် မုန်တိုင်းဟာ အင်အားရော၊ သွားရာလမ်းကြောင်းရော စတင်ပြောင်းလဲသွားပါလိမ့်မယ်။
ပိုဆိုးတာကတော့ ကမ္ဘာကျော် မုန်တိုင်းခန့်မှန်းရေးဗဟိုဌာနတွေဖြစ်ကြတဲ့ JTWC(USA), IMD(India), Weather Underground(USA) အားလုံးတို့မှ ထုတ်ပြန်တဲ့ခန့်မှန်းချက်တွေမှာ MADI ဟာ အရှေ့မြောက်ဖက်ကို မလာနှိုင်တဲ့အပြင် ဆန့်ကျင်ဖက်အရပ်ဖြစ်တဲ့ အနောက်တောင်ဖက်ကို Back Gear ပြန် ထိုးပြီး နောက်ပြန်ရွေ့သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒေါက်တာထွန်းလွင်
0 comments:
Post a Comment