
မကာအိုတွင် ယှဉ်ပြိုင်မည့် ပွဲစဉ်သည် နာမည်ကျော် ဖိလစ်ပိုင် လက်ဝှေ့ သမား မန်နီပက်ကွီအို ၏ နောက် ဆုံးယှဉ်ပြိုင်မှု ဖြစ်လာနိုင်ကြောင်း သိရှိရသည်။
၎င်း၏ နည်းပြ ဖရက်ဒီရို့ခ်ျက ဘရန်းဒေါ့စ်ရီယို့စ်နှင့် ထိုးသတ်မည့် ပွဲစဉ်တွင် အရှုံးရလဒ်ဆိုးမျိုး ကြုံလာပါက ပက်ကွီအိုကို လက်ဝှေ့လောကမှ အနားယူရန် ဖိအားပေး တိုက်တွန်းသွားမည်ဟု ဆိုသည်။ ရို့ခ်ျက ပက်ကွီအို အနေဖြင့် အမေရိကန်သားကို (၅)ချီနှင့် (၆)ချီမျှ ထိုးသတ်ပြီး အလဲထိုးနိုင်ရန် မျှော်လင့်ထားသည်။ အကယ်၍ အစီအစဉ်အတိုင်း ဖြစ်မလာဘဲ လာမည့်သီတင်းပတ်တွင် ဆိုးရွားသည့် အရှုံးရလဒ် ကြုံလာပါကမူ ပက်ကွီအိုအား လက်ဝှေ့လောကမှ အနားယူသွားရန် မိမိက ဦးဆောင် တောင်းဆိုမည်ဟု ရို့ခ်ျက ပြောဆိုထားသည်။ "https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash3/p480x480/554156_10151766204019067 _1639394801_n.jpg" width="500" height="281" alt="" နိုဝင်ဘာလ (၂၄)ရက်နေ့တွင် ကမ္ဘာ့လက်ဝှေ့ အဖွဲ့ချုပ်၏ ဝယ်လ်သာဝိတ်တန်း ချန်ပီယံ စိန်ခေါ်ပွဲကို မကာအိုတွင် ကျင်းပမည်ဖြစ်ပြီး ရို့ခ်ျကမူ မိမိ၏ ကစားသမား အနိုင်ရမည်ဟု ယုံကြည်ထားဆဲ ဖြစ်သည်။ ၎င်းက "တကယ်လို့ ပက်ကွီအိုသာ မြန်နှုန်း ကျဆင်းလာပြီး အရင်လောက် တိုက်ခိုက်မှုစွမ်းရည် မကောင်းတော့ဘူးလို့ ထင်ရင် လက်ဝှေ့လောကကနေ အပြီးအနားယူဖို့ ကျွန်တော်ကိုယ်တိုင် သူ့ကိုပြောမယ်"ဟု သတင်းထောက်များအား ပြောကြားခဲ့ သည်။ ၎င်းက "ကျွန်တော်နဲ့ သူနဲ့ကြားမှာ သဘောတူညီမှုတစ်ခု ရှိပါတယ်။ သူအနားယူသင့်ပြီလို့ ယူဆရင် ကျွန်တော်က ပွင့်ပွင့်လင်းလင်း ပြောဖို့ပါ။ ခုလောလောဆယ် သူ့ရဲ့ အနေအထားက အကောင်းဆုံး ရှိနေတုန်းပါ"ဟုလည်း မှတ်ချက်ပြုခဲ့သည်။
ပက်ကွီအိုသည် အသက်(၃၅)နှစ်နီးပါး ရှိနေပြီဖြစ်ပြီး လက်ရှိအချိန်ထိ ၎င်း၏မျိုးဆက်တွင် ကမ္ဘာ့ အကောင်း ဆုံး လက်ဝှေ့ပါရမီရှင် တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။ ၎င်းသည် ကမ္ဘာ့ချန်ပီယံဆုကို ဝိတ်တန်း(၈)ခု ဖြတ်သန်း ရယူဖူးသည်။ သို့သော်လည်း ဒီဇင်ဘာလက လာ့စ်ဗီးဂက်စ်တွင် မက္ကစီကိုသား ဟွမ်မန်နျူရယ်လ် မားကွက်ဇ်ကို (၆)ချီတွင် အလဲထိုးခဲ့သည့် ပွဲအပြီးနောက် ပွဲဆက်ပြတ်နေသည်မှာ (၁)နှစ်နီးပါး ရှိနေပြီ ဖြစ်သည်။ ထို့အပြင် ဖိလစ်ပိုင်သို့ ဝင်ရောက် တိုက်ခတ်သွားသည့် စူပါတိုင်ဖွန်း မုန်တိုင်းကြီး Haiyanကြောင့်လည်း ပက်ကွီအို၏ လေ့ကျင့်ခန်း အစီအစဉ်အချို့ နှောင့်နှေးခဲ့ကြောင်း သိရှိရသည်။
Planet Myanmar Network
0 comments:
Post a Comment