မန်ချက်စတာ ယူနိုက်တက် အသင်းဧ။် ဝေးလ်စ် လက်ေ၇ွးစင် ဂန္တာဝင် ကစားသမားကြီး ရိုင်ယန် ဂစ် သည် အကယ်၍ ယနေ့  ညတွင် ကစားမည့် ရှက်တာဒိုးနက်စ် အသင်း နင့် ချန်ပီယံလိဂ် အုပ်စု ပွဲတွင် ပါဝင် ကစားခွင့် ရ၇ှိခဲ့ပါက ချန်ပီယံလိဂ် တွင် ပါဝင်ကစားမှု အများဆုံး ကစားသမား စံချိန် တစ်ခု ကို ချိုးဖြတ် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
အသက် ၃၉ နစ် အရွယ် ရှိပြီ ဖြစ်သည့် မန်ယူနိုက်တက် ဂန္တာဝင် ကစားသမား ကြီး သည် ယခု အချိန်ထိ ချန်ပီယံ လိဂ် ပွဲစဉ် တွင် ပွဲပေါင်း ၁၄၄ ပွဲ ပါဝင် ကစား ထားပြီး ဖြစ်သည်။ အဆိုပါ စံချိန် မှာ တစ်ချိန်က ချန်ပီယံ လိဂ် သူရဲ ကောင်းကြီး ဖြစ်သည့် ရီးရဲယ်မက်ဒရစ် အသင်း ဧ။် စပိန် အချစ်တော် တိုက်စစ်မှူးကြီး ရာအူးလ် ဧ။် စံချိန် နင့် တူညီနေပြီး ဖြစ်သဖြင့် ရိုင်ယန်ဂစ် အနေဖြင့် ယနေ့ ည ချန်ပီယံ လိဂ် ပွဲစဉ် ၍သာ ပါဝင် ကစားခွင့် ရရှိခဲ့လျှင် စပိန် ဂန္တာဝင်ကြီး ရားအူးလ် အား ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ပွဲအများဆုံး ကစားခွင့် ရရှိခဲ့သည့် ကစားသမား အဖြစ် စံချိန် သစ် တစ်ခု တင်နိုင်တော့မည် ဖြစ်သည်။
အဆိုပါ ကိစ္စ နင့်ပတ်သတ်ပြီး သတိ ထားမိဟန် မရှိသေးသည့် ဝေးလ်စ် လက်ေ၇ွးစင် ကစားသမား ဟောင်းကြီး မှ ... " ဗျာ ... တကယ်လား ဗျာ ... ဟူးးးးးးးးးးးးး ကျနော် အဲဒါ ကို မသိခဲ့ဘူးဗျ .. ဒါ က တကယ့်ကြီးကျယ် လွန်းတဲ့ ပြိုင်ပွဲကြီး တစ်ခုပါ .. ကျနော့် အတွက် ကံတရားက ပြည့်စုံလွန်းနေခဲ့တော့ ဒီဖလား ကြီးကို နစ်ကြိမ် တိတိ နမ်းရှိုက်ခွင့် ရရှိခဲ့ပါတယ် ။ ကြီးကျယ်ခန်းနား လွန်းတဲ့ သတိရ အောင့်မေ့ဖွယ်ရာ ပွဲကြီး ပွဲကောင်း အများ အပြား ကိုလည်း ပါဝင် ကစားခွင့် ရရှိခဲ့ပါတယ် ။ " ဟု ကြည်နူး အားရ ဖြစ်သည့် ဟန် ဖြင့် ပြောကြားသွားခဲ့ကြောင်း သိရသည်။
Written by ၀ိုင်း ( ကျိန်းရိပ် )
Football Café
0 comments:
Post a Comment