Wednesday, April 27, 2016

Yangon Waterboom ယနေ့ ပြန်ဖွင့်

နည်းစနစ်ချို့ယွင်းမှုကြောင့် ဖွင့်ပြီးနောက်တရက် မတ်လ ၃ ရက်နေ့ကစ၍ ပိတ်ထားခဲ့သည့် ရန်ကုန် ရေကမ္ဘာဥယျာဉ် (Yangon Waterboom) ယနေ့ ဧပြီ ၂၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နေမည်ဖြစ်ကြောင်း သိရသည်။

ယခုပြန်လည် ဖွင့်လှစ်လိုက်သည့် Yangon Waterboom အား မီဒီယာတွင် အကျယ်တ၀ံ့မကြေညာသေးပဲ soft opening အဖြစ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ယခင်စတင်ဖွင့် လှစ်စဉ်က ဈေးနှုန်းအတိုင်း အပြောင်းအလဲ မရှိဘဲ ဝင်ကြေးနှုန်းထားများအဖြစ် စနေ၊ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်များ၌ လူကြီးကျပ်၂၅,၀၀၀ ၊ ကလေး (အရပ် လေးပေအောက်) ကျပ် ၂၀,၀၀၀ ကျသင့်မည်ဖြစ်ကာ၊ ကြားရက်များဖြစ်သော တနင်္လာမှ သောကြာနေ့များတွင် လူကြီး ကျပ်၂၀,၀၀၀၊ ကလေး ကျပ် ၁၅,၀၀၀ ကောက်ခံမည် ဖြစ်ပြီး ယင်းနှုန်းထား၌ အာမခံ ကြေးပါရှိကြောင်း သိရသည်။
ယခုပြန်ဖွင့်လှစ်လိုက်သည့် Yangon Waterboom ရေသန့်ရှင်းမှုနှင့် နည်းစနစ်များကို စနစ်တကျပြန်လည် စစ်ဆေးပြင်ဆင် ထားကြောင်းသိရသည်။
ထိုပြင် မတ်လ ၂ ရက်နေ့ ဖွင့်ပွဲပြုလုပ်စဉ်က လက်မှတ်/receipt ပြနိုင်ပါက လက်မှတ်ပြန်လဲပေးမည်ဖြစ်ပြီှး ဖွင့်လှစ်မည့် အချိန်အား နံနက် ၁၀ နာရီမှ ညနေ ၆ နာရီခွဲဖြစ်ကြောင်းသိရသည်။
Yangon Waterboom ရေကမ္ဘာဥယျာဉ် မတ်လ ၂ ရက် နေ့တွင် စတင်ဖွင့်ခဲ့ပြီးနောက် နည်းစနစ်ချို့ယွင်းမှုကြောင့် ခေတ္တရက်ရွေ့ဆိုင်းလိုက်ကြောင်း Yangon Waterboom facebook စာမျက်နှာတွင် မတ်လ ၃ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် ထုတ်ပြန်လိုက်သည်။ ယင်းထုတ်ပြန်ချက်တွင် မိဘပြည်သူအားလုံးအတွက် Yangon Waterboom အား စတင်ဖွင့်လှစ်ပေးခဲ့ချိန်တွင် Water Treatment System အကောင်းဆုံး မလုပ်ဆောင်နိုင်သေးသည့် နည်းပညာပိုင်းဆိုင်ရာနှင့် Operation ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို ယမန်နေ့က လာရောက် ပျော်ပါးခဲ့ကြသော မိဘပြည်သူများအားလုံး တွေ့ကြုံခံစား ရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ ဘက်ပေါင်းစုံမှ တွေးဆချင့်ချိန်ပြီးနောက် Management အဖွဲ့မှ Yangon Waterboom အား တစုံတရာ ပြန်လည် ကြေငြာခြင်းမရှိမီအချိန်ထိ ခေတ္တ ပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါကြောင်းနှင့် အဆင်မပြေခဲ့သည်များအားလုံးအတွက် Yangon Waterboom မှ အနူးအညွတ် တောင်းပန်ပါသည်ဟု ပါရှိသည်။
Credit To >>> News Watch 

0 comments:

Post a Comment