ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်သည် မချမ်းဘောမြို့ တစ်ဖက် ကမ်း နောင်ခိုင် ကျေးရွာတွင် ခိုလှုံ နေသော စစ်ရှောင်စခန်း ကို ဒုက္ခပေးနေကြောင်းကြားသိရသည်။
ဒုက္ခပေးပုံမှာ
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်ရှောင်စခန်းသို့ ခဏခဏ
စာရင်းသွားကောက်စေခြင်း၊ စစ်ဆေးခြင်း၊ စခန်းတွင်း၌ ရုံးစာရေးများကို
အချိန်ပြည့် အလှည့်ကျစောင့် ကြပ်စေခြင်း၊ ဒုက္ခသည်များကို မိမိအရပ်သို့
ပြန်ရန်အမြဲတမ်း ကြိမ်းမောင်းခြင်းများ ပြုလုပ်နေ သောကြောင့်
ဒုက္ခသည်များကြောက်ရွံ့ နေ ရကြောင်းသိရသည်။
၎င်း အုပ်ချုပ်ရေးမှူးသည် ရုံးတွင်း၊ ရုံးပြင်၌လည်း အာဏာနှင့်ဖိ၍ လက်အောက်ငယ် သားများ၊ ဒေသခံများ ကို အနိုင်ကျင့် စော်ကား နေကြောင်းလည်း ဒေသခံများနှင့် အုပ်ချုပ် ရေးလိုင်းဝန်ထမ်းများ ၏ ပြောပြချက် အရ ကြားသိရပါသည်။
ယခုအချိန်တွင် နောင်ခိုင်ကျေးရွာ၊ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၌ ဒုက္ခသည် (၄၃) ယောက် ခိုလုံနေကြောင်း ကူညီကြောင်းသိရသည်။
jinghpaw kasa

0 comments:
Post a Comment