ဇန်န၀ါရီမှ သြဂုတ်လကုန်အထိ ရန်ကုန်မြို့၌ အထပ်မြင့် အထပ်နိမ့် အဆောက်အအုံ
စုစုပေါင်း ၄၈၅၃ လုံး ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ယခင်နှစ်ထက် ဆောက်လုပ်မှု
ကျဆင်းသွားခြင်း မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
အဆောက်အအုံ ဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
ပြီးခဲ့သည့် ၂၀၁၄
ခုနှစ် ဇန်န၀ါရီမှ သြဂုတ်လကုန်အထိ ရန်ကုန်မြို့၌ အထပ်မြင့် အထပ်နိမ့်
အဆောက်အအုံ အရေအတွက် ၄၃၂၉ လုံး ဆောက်လုပ်ခွင့် ပြုခဲ့ရာမှ ယခု ၂၁၁၅ ခုနှစ်
ဇန်န၀ါရီမှ သြဂုတ်လကုန်အထိ အထပ်မြင့် အထပ်နိမ့် အဆောက်အအုံ စုစုပေါင်း ၄၈၅၃
လုံး ဆောက်လုပ်ခွင့် ပြုခဲ့ခြင်းကြောင့် ယင်းပမာဏ နှစ်ခုကို နှိုင်းယှဉ်၍
လျော့ကျသွားခြင်း မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
အဆောက်အအုံ ဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သို့သော် ၂၀၁၄
ခုနှစ်နှင့် ၂၀၁၅ ခုနှစ်၏ လတစ်လချင်းစီအလိုက် အဆောက်အအုံ
ဆောက်လုပ်ခွင့်ပြုမှု အရေအတွက်များကို နှိုင်းယှဉ်ပါက ယခုနှစ် ဇန်န၀ါရီ၊
ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများတွင် အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမှုမှာ
၂၀၁၄ ခုနှစ် အလားတူ လများထက် မြင့်တက်ခဲ့သော်လည်း ယခုနှစ် မေ၊ ဇွန်၊
ဇူလိုင်နှင့် သြဂုတ်တွင် အဆောက်အအုံ ခွင့်ပြုမိန့် ထုတ်ပေးမှုမှာ ၂၀၁၄
ခုနှစ်၏ အလားတူလများထက် ကျဆင်းခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
ရန်ကုန်မြို့တွင်
နှစ်စဉ်ပျမ်းမျှ အဆောက်အအုံ စုစုပေါင်း ၂၀၀၀ မှ ၃၀၀၀ ကြား
ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ယခုနှစ်ပိုင်းတွင် အဆောက်အအုံ ဆောက်လုပ်မှု ၄၀၀၀
ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး တစ်လလျှင် ပျှမ်းမျှတိုက် အလုံးရေ ၅၀၀
ခန့် ဆောက်လုပ်ခွင့်ပြုနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
သိရသည်။
လက်ရှိ တိုက်ခန်းဈေးကွက်တွင် အရောင်းအ၀ယ် သိသာစွာ
အေးသွားပြီး ဆောက်လုပ်ပြီးစီး တိုက်ခန်းများ၏ အခြေအနေမှာ ၀ယ်ယူမည့်သူ
နည်းသွားပြီး အရောင်းထက် အငှားကိုသာ ပိုမိုအလေးထားနေရကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များထံမှ သိရသည်။
သို့သော် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီက အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမှု လျော့ကျသွားခြင်း
မရှိဟု ထုတ်ပြန်ထားသဖြင့် ယင်းအခြေအနေ နှစ်ခုကြားတွင် ကွာဟမှုများ ရှိနေသည်။
လက်ရှိ
တိုက်ခန်းဆောက်လုပ်မှု ဈေးကွက်အခြေအနေနှင့် ပတ်သက်၍ “တိုက်ခန်းဈေးကွက်
တော်တော်ကို ကျလာပါတယ်။ လက်ရှိ ဆောက်လက်စတွေကိုပဲ အပြီးသတ်နေပါတယ်။
ထပ်ဆောက်ဖို့ကိုတော့ တော်တော်ကို ချင့်ချိန်နေရတဲ့ အနေအထားပါ” ဟု
ရန်ကုန်မြို့၌ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။
ထို့ပြင်
အချို့သော အဆောက်အအုံများသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့
ခွင့်ပြုမိန့် တင်ပြီးမှ ဈေးကွက်မရှိတော့ခြင်းကြောင့် အဆောက်အအုံ
ခွင့်ပြုမိန့် ကျပြီးမှ လာရောက်ထုတ်ယူ ဆက်သွယ်ခြင်း မရှိတော့သည့်
အဆောက်အအုံများလည်း ရှိနေကြောင်း သိရသည်။
Credit To >>> Eleven Media Group
Monday, October 5, 2015
သြဂုတ်လကုန်အထိ ရန်ကုန်မြို့၌ အထပ်မြင့် အထပ်နိမ့် အဆောက်အအုံ ၄၈၀၀ ကျော် ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ယခင်နှစ်ထက် ဆောက်လုပ်မှု ကျဆင်းသွားခြင်း မရှိဟု ထုတ်ပြန်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment