ပါပူဝါနယူးဂနီနိုင်ငံကို မပို့ခင်
သြစတြေးလျနိုင်ငံမှာ ကျန်းမာရေးစီစစ်မှုတွေ လုပ်ခဲ့ပြီး အခြေအနေ
ကောင်းမွန် သူတွေကိုသာ ပို့ဆောင်မှာဖြစ်ကြောင်း သြစတြေးလျ
လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး တိုနီဘ့ာခ်က ပြောပါတယ်။
ခုလောလောဆယ်
Manus ကျွန်းပေါ်က ထိန်းသိမ်းရေးစခန်းဟာ မိသားစုတွေ နေထိုင်ဖို့
မသင့်တော်တဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် အိမ်ထောင်မရှိတဲ့
အရွယ်ရောက်ပြီးသား အမျိုးသားတွေကိုသာ စတင် ပို့ဆောင်တာဖြစ်ပြီး
စခန်းအခြေအနေ တိုးတက်တဲ့အခါ မိသားစုအလိုက် ပို့ဆောင်တော့မယ် လို့လည်း
ပြောပါတယ်။
Manus ကျွန်းပေါ်က ထိန်းသိမ်းရေးစခန်းကို လူပေါင်း
၃၀၀၀ ဆန့်အောင် တိုးချဲ့ဆောက်လုပ်ဖို့ ရှိတယ်လို့ အစိုးရက
ကြေညာပြီးနောက် အတိုက်အခံပါတီကလည်း သူတို့ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ
အနိုင်ရရင် လူပေါင်း နှစ်ထောင်ကနေ ငါးထောင်အထိဆန့်တဲ့
ခိုလှုံခွင့်တောင်းသူ ထိန်းသိမ်းရေး စခန်းကို Nauru ကျွန်းနိုင်ငံမှာ
ထားရှိမယ်လို့ ကြေညာခဲ့ပါတယ်။
နိုင်ငံရေး ခေါင်းဆောင်တွေ ခုလို
ကြေညာတုန်းမှာပဲ နောက်ထပ် ခိုလှုံခွင့် တောင်းလိုသူတွေ
တင်ဆောင် လာတဲ့လှေ သြစတြေးလျ နိုင်ငံထဲ ရောက်ရှိလာပါတယ်။
ခိုလုံခွင့်
တောင်းခံဖို့ အတွက် ဒုက္ခသည် အမြောက်အမြားတင်ဆောင်လာတဲ့ လှေတစင်းကို
ဒီနေ့မနက် အစောပိုင်းက တွေ့ရှိခဲ့ကြောင်း သြစတြေးလျ ရေပိုင်နက်
လုံခြုံရေး အဖွဲ့ က အတည်ပြုပြောကြား လိုက်ပါ တယ်။
အဲဒီ လှေဟာ
လူပေါင်း ၈၅ ဦးခန့် တင်ဆောင်လာပြီး အင်ဒိုနီးရှား
ကမ်းရိုးတန်းအနီးမှာ တွေ့ရှိခဲ့ တယ်လို့ သြတြေးလျ အာဏာပိုင်တွေက
ဆိုပါတယ်။
ဒါပေမယ့်လည်း အဲဒီလှေကို အင်ဒိုနီးရှားဘက်ကို ပြန်ပို
့နိုင်ဖို့ အင်ဒိုနီးရှား နိုင်ငံရဲ့ ရှာဖွေရေးနဲ့ ကယ်ဆင်ရေး အေဂျင်စီ
ဘာဆာနက်စ် ကိုယ်စား သြစတြေးလျ ရေပိုင်နက်လုံခြုံရေး အဖွဲ့ က
အကူ အညီပေးခဲ့တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှား နိုင်ငံရဲ့ ရှာဖွေရေးနဲ့ကယ်ဆင်ရေး အေဂျင်စီ ဘာဆာနက်စ်က အခုကိစ္စကို ဆက်လက် ကိုယ်တွယ်သွားမယ်လို့ သိရပါတယ်။
ABC Radio
0 comments:
Post a Comment