Wednesday, May 22, 2013

အာရှခြေစစ်ပွဲကို အနိုင်ရလဒ်နှင့် စတင်ဖွင့်လှစ် နိုင်ခဲ့သည့် မြန်မာအသင်း

 
အာရှခြေစစ်ပွဲကို အနိုင်ရလဒ်နှင့် စတင်ဖွင့်လှစ် နိုင်ခဲ့သည့် မြန်မာအသင်း
 
 ၂၀၁၄ ခုနှစ် အာရှဖလား ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များ အနက်မှ အုပ်စု(ဃ)၏ ပွဲစဉ်များကို ယမန်နေ့ ညနေက ပါလက်စတိုင်း နိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာ အမျိုးသမီး အသင်းက အိန္ဒိယ အမျိုးသမီး အသင်းကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် ယခုပွဲတွင် အိန္ဒိယ အသင်း အပေါ် ခြေစွမ်းအသာစီး ရယူနိုင်ခြင်း မရှိခဲ့သော်လည်း ရရှိသည့် အခွင့် အရေးများကို အသုံးချနိုင် ခဲ့သောကြောင့် ယခုကဲ့သို့ အနိုင်ရရှိခဲ့ခြင်း ဖြစ် သည်။ မြန်မာအသင်းတွင် ဂိုးသမား အဖြစ် သင်းသင်းစိုးကို အသုံးပြုခဲ့ပြီး နန်းကြေးငုံ၊ ရွှေစင်အောင်၊ မိုးမိုးဝါ၊ ဖူးပွင့်ခိုင်၊ ခင်သန်းဝေ၊ စန်းစန်းမော်၊ သန်းသန်းထွေး၊ နော်အားလိုဝါးဖော၊ ခင်မိုးဝေ၊ ရီရီဦး အစရှိသည့် ကစားသ မားများဖြင့် ပွဲထွက်ကာ အိန္ဒိယ အသင်းကို ရင်ဆိုင်ခဲ့သည်။ မြန်မာ အသင်း အနေဖြင့် အိန္ဒိယ အပေါ် ပွဲချိန်တစ်လျှောက် အသာစီး မရခဲ့သော်လည်း အဖွင့်ဂိုးကိုမူ စောစီးစွာပင် ရရှိခဲ့သည်။ ထိုဂိုးကို မြန်မာအသင်း၏ ဘယ်ေ တာင်ပံ ကွင်းလယ်လူ နော်အားလိုဝါးဖောက အိန္ဒိယ ဂိုးဧရိယာ ဘယ်ခြမ်းမှ အပြင်းကန်သွင်းကာ ရယူပေးခဲ့ခြင်း ဖြစ်သည်။ စောစောစီးစီး အဖွင့်ဂိုး ပေး လိုက်ရသည့် အတွက် အပြင်းအထန် တိုက်စစ်ဆင်လာသည့် အိန္ဒိယ၏ ထိုးဖောက်မှုများကို မြန်မာ အသင်း နောက်ခံလူများနှင့် ဂိုးသမားတို့က ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် (၂၆)မိနစ်တွင်မူ မြန်မာတို့ ဒုတိယဂိုး ရရှိခဲ့ပြီး တိုက်စစ်မှူး ခင်မိုးဝေက အပိုင်ကန်သွင်း ခဲ့ခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင် မြန်မာတို့ အခွင့်အရေးများ ထပ်မံရရှိခဲ့သော်လည်း အသုံးမချ နိုင်ခဲ့သောေ ကြာင့်သာ ပထမပိုင်း သွင်းဂိုးများဖြင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။

အစောပိုင်းက ကစားခဲ့သည့် အိမ်ရှင်ပါလက်စတိုင်း အမျိုးသမီးအသင်းနှင့် တရုတ်(တိုင်ပေ) အသင်းတို့၏ ပွဲစဉ်တွင်မူ တရုတ်(တိုင်ပေ)က (၀-၆)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ပွဲစဉ်(၁) အပြီးတွင် အုပ်စု (ဃ)၏ အမှတ်ပေးဇယားကို တရုတ်(တိုင်ပေ) အသင်းက ဂိုးကွာခြားချက် အသာဖြင့် ဦးဆောင်လျှက် ရှိနေသည်။ မြန်မာအသင်းသည် ဒုတိယ ပွဲစဉ် အဖြစ် မေလ (၂၃)ရက်တွင် အိမ်ရှင် ပါလက်စတိုင်း အသင်းနှင့် ယှဉ်ပြိုင်ရ မည် ဖြစ်သည်။

soccermyanmar

0 comments:

Post a Comment