Thursday, May 23, 2013
အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံမှ ခေါင်းဆောင်များသည် ကာလီ ဖိုးနီးယား ပြည်နယ်တွင် လာမည့် ဇွန်လ၌ ပထမဆုံး အကြိမ် ထိပ်သီး ဆွေးနွေးပွဲကို ကျင်းပ သွားမည် ဖြစ်ကြောင်း နှစ်နိုင်ငံ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။ အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ နှစ်ဦးသည် Rancho Mirage မြို့ရှိ နေအိမ်ခြံဝင်း တစ်ခုတွင် ဇွန် ၇ ရက်မှ ၈ ရက် အထိ နှစ်ရက် ကြာ တွေ့ ဆုံ ဆွေးနွေးပွဲ များ ပြုလုပ်သွား မည် ဖြစ်ကြောင်း အမေရိကန် အစီအရင် ခံစာ တစ်ခု တွင် ဖော်ပြထားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြောက်ကိုရီးယား အရေး၊ ဆိုက်ဘာ တိုက်ခိုက်မှုများ၊ တောင်တရုတ် ပင်လယ် တင်းမာမှု များနှင့်ဆီးရီးယား အရေး ကိစ္စများကို ထည့်သွင်း ဆွေးနွေး သွားမည် ဖြစ်သည်။
ယခု ပြုလုပ်မည့် ဆွေးနွေးပွဲသည် မစ္စတာရှီ တရုတ် သမ္မတ အဖြစ် မတ်လတွင် တာဝန် ထမ်းဆောင် ခဲ့ချိန်မှ စ၍ နှစ်နိုင်ငံကြား ပထမဆုံး အကြိမ် ပြုလုပ်မည့် ဆွေးနွေး ပွဲ ဖြစ်သည်။
၎င်းဆွေးနွေးပွဲတွင် လွန်ခဲ့သော လေးနှစ်ကျော်က အမေရိကန်နှင့် တရုတ်ကြား ဆက်ဆံရေး မပြေလည်မှု များကို ပြန်လည် သုံးသပ်သွားမည် ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှု များကို တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment