Tuesday, May 21, 2013
သြစတြေးလျဝန်ကြီးချုပ်ဟောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း လက်ရှိလေဘာပါတီ လွှတ်တော်အမတ် Kevin Rudd က လိင်တူလက်ထပ်ထိမ်းမြားခြင်းကို ထောက်ခံကြောင်း သူ့ရဲ့ အင်တာနက်ဘလော့ဂ်စာမျက်နှာပေါ်မှာ ရေးသားဖေါ်ပြခဲ့တာကို လိင်တူချစ်သူများ လပ်ထပ်ထိမ်းမြားခွင့်ရရှိရေး လှုပ်ရှားရေးသမားတွေက ချီးကျူးပြောဆိုလိုက်ကြပါတယ်။
Mr Rudd က သူ့ရဲ့မိသားစုဝင်တွေ၊ မိတ်ဆွေတွေအပြင် လိင်တူချစ် သူဖြစ်သူ ဝန်ထမ်းတစ်ဦးနဲ့ပါ ဆွေးနွေးပြောဆိုပြီးတဲ့နောက် လိင်တူ လက်ထပ်ခြင်းအပေါ် အမြင်ပြောင်းခဲ့တဲ့အတွက် အခုလိုသူ့ရဲ့ဘလော့ဂ် စာမျက်နှာမှာ ဖေါ်ပြလိုက်တာဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။
လက်ရှိအခြေအနေမှာ အာဏာရလေဘာပါတီခေါင်းဆောင် ဝန်ကြီးချုပ် Julia Gillard နဲ့ အတိုက်အခံ လစ်ဘရယ်ပါတီခေါင်းဆောင် Tony Abbott တို့ နှစ်ဦးစလုံးက တရားဝင်လိင်တူလက်ထပ်ခြင်းကို ခွင့်ပြုဖို့ သဘော မတူကြပဲ ဆန့်ကျင်နေကြတဲ့အတွက် သြစတြေးလျ လူမှုအသိုင်းအဝိုင်းနဲ့ အံဝင်ခွင်ကျမဖြစ်ကြတော့သလို သူတို့ရဲ့ပါတီအတွင်းမှာတောင် အံမဝင် ကြတော့ဘူးလို့ ဂရင်းပါတီက Sarah Hanson Young ကလည်း စွပ်စွဲ လိုက်ပါတယ်။
လိင်တူသူခြင်း တရားဝင်လက်ထပ်ထိမ်းမြားခွင့်ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့နှစ် အတွင်းက လွှတ်တော်မှာ ကန့်ကွက်မဲအသာနဲ့ ပယ်ချခံခဲ့ရပေမယ့် နောက်တစ်ကြိမ်ထပ်ပြီးတင်သွင်းဖို့ ဂရင်းပါတီက ကြိုးစားနေတာ ဖြစ် ပါတယ်။
Kevin Rudd ကတော့ လိင်တူသူဖြင်းတရားဝင်လက်ထပ်ခွင့်ရဖို့ အပြည့် အဝထောက်ခံပေမယ့်လည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဦးစီးဦးရွက်ပြုမှာတော့ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

0 comments:
Post a Comment