Tuesday, May 21, 2013

ဧဝရက်တောင်ထိပ်ပေါ်မှ ပထမဆုံးသော ဗီဒီယိုဖုန်း ခေါ်ဆိုမှု

(ဧဝရက်တောင်ထိပ်မှာ ဖုန်းလိုင်းမိပါတယ်)

သင့်အနေနဲ့ ဧဝရက်တောင်ထိပ်သည်သာ ရှုပ်ထွေးပွေလီလှစွာသော ဆဲလ်ဖုန်းများနှင့် အခြားသော အီလက်ထရော်နစ် ပစ္စည်းများ၏ လွတ်ကင်းရာနေရာဟု ယူဆနေပါသလား။ မှားသွားပါလိမ့်မယ်။

ဧဝရက်တောင်ထိပ်၌ ဆဲလ်ဖုန်းအသုံးပြုပြီး ဖုန်းခေါ်နိုင်ပါတယ်။ ဧဝရက်တောင်ထိပ်မှာ ဖုန်းလိုင်းမိပါတယ်။

ဒါကို ဗြိတိန်နိုင်ငံသား စွန့်စားသူ Daniel Hughes က ယမန်နေ့ (မေလ ၁၉ ရက်) မှာ လက်တွေ့ပြသခဲ့ပါတယ်။ Daniel ဟာ ကမ္ဘာ့ အမြင့်ဆုံးဖြစ်တဲ့ ဧဝရက်တောင်ထိပ်ကနေ စမတ်ဖုန်းအသုံးပြုပြီး ဗီဒီယိုဖုန်း ခေါ်ဆိုမှု ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

ယင်း အသုံးပြုခဲ့တဲ့ စမတ်ဖုန်းကတော့ HTC One ဖြစ်ပြီး BBC သတင်းဌာနနဲ့ ဆက်သွယ်ခဲ့ခြင်း ဖြစ်ပါတယ်။

Daniel အနေနဲ့ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်သို့ တက်ရောက်ခဲ့ခြင်းမှာ ယင်း၏ လူမှုရေး လုပ်ငန်းများအတွက် ရန်ပုံငွေ ရရှိရန်ဖြစ်ပြီး ဤကဲ့သို့ ပထမဆုံးအကြိမ် စမတ်ဖုန်းဖြင့် ဗီဒီယိုဖုန်း ခေါ်ဆိုမှု ပြုလုပ်ခဲ့ခြင်းဖြင့် ယင်း၏ ရည်ရွယ်ချက်အား လူသိများစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

Daniel ၏ ရန်ပုံငွေမှာအဖွဲ့မှာ ဗြိတိန်အခြေစိုက် Comic Relief အဖွဲ့ဖြစ်ပြီး ယင်းတို့အနေဖြင့် ယခု ခရီးစဉ်နှင့် ဆက်စပ်ပြီါ် ဒေါ်လာ ၁.၅ သန်း ရန်ပုံငွေ ရရှိရန် မျှော်မှန်းထားကြောင်း သိရှိရသည်။ Comic Relief အဖွဲ့သည် ဗြိတိန်နိုင်ငံမှာ ဆင်းရဲနွမ်းပါးသူများနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများအား ထောက်ပံ့ပေးနေသည့် အဖွဲ့ဖြစ်သည်။

ဗီဒီယိုကြည့်ရှုရန်လင့်ခ် - http://www.youtube.com/watch?feature=player_embedded&v=j7grH7EOMfA

0 comments:

Post a Comment