ဂျာမနီနိုင်ငံ မန်စတာတက္ကသိုလ်ရဲ့ အားကစားဆိုင်ရာ စိတ်ပညာလေ့ လာတွေ့ရှိမှုတစ်ရပ်အရ အနီရောင် ၀တ်စုံ ၀တ်ဆင်ယှဉ်ပြိုင်သူတွေဟာ ပြိုင်ပွဲမှာ
အနိုင်ရနိုင်ချေပိုများတယ်လို့ ဖော်ပြထားပါတယ်။ ဒီအယူအဆ ဟာ
၂၀၀၄ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပေမယ့် ၂၀၀၈ ခုနှစ်မှာ မန်စတာတက္ကသိုလ်က
တိုက်ကွမ်ဒိုသမားတွေကို လေ့လာမှုပြုလုပ်ခဲ့ပြီး အနီရောင်ဝတ်စုံ ၀တ်ဆင်သူတွေကို အနိုင်ပေးဖို့ ဒိုင်တွေက စိတ်ယိုင်တတ်ကြတယ် လို့ တွေ့ရှိခဲ့ပါတယ်။
ဘောလုံးလောကမှာလည်း ဒီတွေ့ရှိမှုဟာ မှန်သယောင်ယောင်ဖြစ်နေ ပြီး လွန်ခဲ့တဲ့
ဆယ်စုနှစ်တွေမှာ အနီရောင်ဝတ်စုံ ၀တ်ဆင်တဲ့ မန်ယူ၊ လီဗာပူး၊ အာဆင်နယ် တို့
အောင်မြင်မှုတွေ ရခဲ့သလို ဘွန်ဒက်စ်လီဂါကို စံချိန်တင် ဖလားဆွတ်ခူးမှုနဲ့
စတင်လွှမ်းမိုးခဲ့တာ က နုရင်ဘတ်ပါ။ ဒါ့အပြင် ဒီရာသီမှာလည်း ဘိုင်ယန်က
စောစောစီးစီး ဘွန်ဒက်စ်လီဂါ ချန်ပီယံဖြစ်ခဲ့သလို မန်ယူကလည်း ပရီးမီးယားလိဂ်
ချန်ပီယံဖြစ်ဖို့ သိပ်မလိုတော့ဘူးဆိုတော့ အားကစားလောကမှာ အနီရောင်တွေရဲ့
လွှမ်းမိုးမှုက စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။ အနီရောင်ဝတ်ဆင်ရင် ပြိုင်ဘက်က
ပိုကြောက်ရွံတယ် လို့ဆိုကြပေမယ့် ကျဆုံးနေဆဲ အနီရောင်တွေထဲမှာ
ကိုယ့်နိုင်ငံအသင်း ပါ နေတာ ကတော့ .....
0 comments:
Post a Comment