Wednesday, February 8, 2017

၂၁ ပင်လုံညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရန် ပစ်ခတ်တိုက်ခိုက်မှုများမရှိစေရေး ပိုမိုအလေးထားဆောင်ရွက်ရန်လိုဟု JMC-U ဥက္ကဋ္ဌပြောကြား

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရန် ပစ်ခတ်တိုက်ခိုက်မှုများမရှိစေရေး ပိုမိုအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကပြောသည်။
ပြည်ထောင်စုအဆင့် ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးကို ဖေ ဖော်ဝါရီ ၆ ရက်က ကျင်းပခဲ့ သည်။

အစည်းအဝေးတွင် JMC-U ဥက္ကဋ္ဌ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ‘‘မကြာခင်မှာ လည်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို ဆောင်ရွက် တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ကျွန်တော်တို့ အပိုင်းမှာလည်း နှစ်ဖက်ညှိနှိုင်းပြီး ပစ်ခတ်တိုက်ခိုက် မှုတွေ မရှိအောင် ပိုမိုအလေး ထား ဆောင်ရွက်သွားဖို့ လိုအပ် ပါတယ်’’ဟု ထည့်သွင်းပြောကြား ခဲ့သည်။

JMC-U ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူစာချုပ် (NCA) အရ ဖွဲ့ စည်းထားခြင်းဖြစ်ပြီး တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် အရပ်သားကိုယ်စားလှယ်များ ပါ ၀င်သည်။

အစည်းအဝေးတွင် JMC-U ဒုဥက္ကဋ္ဌ ကရင်အမျိုးသားအစည်း အရုံးမှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး က ‘‘ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကောင်အထည်ဖော် ဆောင် ရွက်နေတဲ့အချိန်မှာ တိုက်ပွဲတွေမဖြစ်အောင် ထိန်းသိမ်းလုပ်ရမှာ ဖြစ်သလို ဖြစ်လာတဲ့ ပဋိပက္ခတွေ ကိုလည်း လက်နက်ကိုင်မဖြေရှင်း ဘဲ နှစ်ဖက်ညှိနှိုင်းပြီး ဖြေရှင်းရမယ်လို့ ယုံကြည်ပါတယ်’’ဟုပြောသည်။

JMC-U ၏ န၀မအကြိမ်အ စည်းအဝေးကို ဖေဖော်ဝါရီ ၇ ရက်တွင် ဆက်လက်ပြုလုပ်မည် ဖြစ်ပြီး နယ်မြေသတ်မှတ်ရေး၊ ပြည်နယ်အဆင့် JMC များ တိုးချဲ့ ဖွဲ့စည်းရေးနှင့် ရှေ့လုပ်ငန်းစဉ် များကို ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment