Wednesday, February 8, 2017

အမ်ပီတီ ဆင်းမ်ကတ်များ ပေါများစွာ လိုက်လံရောင်းချခြင်းကို ထိန်းချုပ်ရန် စီစဉ်နေဟုဆို

မှတ်ပုံတင်ပြီးသား ဆင်းမ်ကတ်ကို ကျပ် ၁,၀၀၀ ဖြင့် ရန်ကုန်မြို့၌ ပေါများစွာ လိုက်လံရောင်းချနေခြင်းကို ထိန်းချုပ် ရန် ကြိုးစားနေကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ပြန် ကြားရေးတာဝန်ခံ ဒေါ်ဟေမန်စိုး က ပြောကြားသည်။

ဆင်းမ်ကတ်များကို လက် ပွေ့ရောင်းချခြင်းပုံစံဖြင့် မီးပွိုင့် များ၌ ၁,၀၀၀ ကျပ်ဖြင့် လိုက်လံ ရောင်းချသူများပြားလာသည့် အ ပေါ် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းက ပြန်လည်ထိန်းချုပ်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

‘‘သူတို့ရောင်းတာကို တား ဆီးလို့မရပါဘူး။ ဒီတော့ ၀ယ်တဲ့ လူကိုပဲ မှတ်ပုံပြန်တင်ပြီးသုံးဖို့ တိုက်တွန်းလိုပါတယ်။ ကိုယ့် နာ မည်နဲ့မဟုတ်တဲ့အတွက် Save လည်း မဖြစ်ပါဘူး’’ဟု ဒေါ်ဟေမန်စိုးက ပြောသည်။

ဆင်းမ်ကတ်များကို လက် ပွေ့အဖြစ် လိုက်လံရောင်းချနေ သူများသည် ကျပ်နှစ်သိန်းတန် ၄၂ နံပါတ်ဆင်းမ်ကတ်ကို မှတ်ပုံတင် အပြီး ၁,၀၀၀ ကျပ်ဖြင့် လိုက်လံ ရောင်းချနေခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ ကိုယ်ပိုင်မှတ်ပုံတင်ဝယ်ယူရသည့် ဆင်းမ်ကတ် ဈေးနှုန်းမှာ ၁,၅၀၀ ကျပ်ဖြစ်ပြီးလက်ပွေ့အဖြစ် လိုက်လံရောင်းချနေသည့် ၁,၀၀၀ တန်ဆင်းမ်ကတ်များသည် ဆင်းမ်ကတ်တစ်ဆင့် ပြန်လည်ဖြန့်ချိသူများထံမှ ထွက်ရှိလာခြင်းဖြစ် သည်ဟုဒေါ်ဟေမန်စိုးက ပြောကြားသည်။

မှတ်ပုံတင်ထားသည့် အ မည်စာရင်းနှင့် ဆင်းမ်ကတ်ကိုင် ဆောင်ထားသူ ကိုက်ညီမှုရှိစေရန် အစိုးရအနေဖြင့် မိုဘိုင်းဖုန်းအ သုံးပြုသူများကို မဖြစ်မနေမှတ်ပုံ တင်ရမည်ဟု ထုတ်ပြန်ကြေညာ ထားသော်လည်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၏ မှတ်ပုံတင် ပြီး ဆင်းမ်ကတ်များသည် ၁,၀၀၀ ကျပ်ဖြင့် ဈေးကွက်တစ်ခုဖြစ်ပေါ် လာသည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် မိုဘိုင်းဖုန်းအသုံး ပြုသူများကို မတ်လ ၃၁ ရက် နောက်ဆုံးထား၍ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ရန် နှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များကို အော်ပရေ တာများအနေဖြင့် ယာယီပိတ် သိမ်းမှုပြုလုပ်ရန် ညွှန်ကြားထား သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းဖုန်း အသုံးပြုသူ ၂၁ သန်းရှိသည့်အနက် မှတ်ပုံတင်၍ အသုံးပြုသူ ၁၃ သန်းရှိ ကြောင်း ၂၀၁၆ ဒီဇင်ဘာ စာရင်းများအရ သိရသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း သည် ရာဇ၀တ်မှုများကို နောက် ယောင်ခံခြင်းနှင့် ဒစ်ဂျစ်တယ်ငွေ ပေးချေမှုလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရာ၌ အသုံး ၀င်မည်ဖြစ်ကြောင်း ဆက်သွယ် ရေးအော်ပရေတာများထံမှ စုံစမ်း သိရသည်။ မှတ်ပုံတင်ပြီးသား ဆင်းမ်ကတ် ဈေးကွက်သည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဈေးကွက်၌ အများဆုံးပေါ်ပေါက် နေခြင်းဖြစ်သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment