Thursday, January 19, 2017

နစ်ဆန်ကုမ္ပဏီက နာမည်ကြီးမော်ဒယ် Sunny ကားသစ်များကို ကျပ်သိန်း ၂၀၀ ကျော်ဖြင့် စတင်ရောင်းချမည်


မြန်မာနိုင်ငံတွင် တပ် ဆင်ထုတ်လုပ်သည့် (NISSAN) နစ်ဆန်ကုမ္ပဏီက နာမည်ကြီး မော်ဒယ်ဖြစ်သော Sunny ကားများကို ကျပ် ၂၀၆ သိန်းဖြင့် ဈေးကွက်၌ စတင်ရောင်းချမည်ဟု နစ်ဆန်မှ သတင်းရရှိသည်။

နစ်ဆန်ကားများကို မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် တန်ချောင်မော်တာ (မလေးရှား) က မြန်မာနိုင်ငံ ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်နေပြီး ဈေးကွက်၌ စတင်မိတ်ဆက်ရောင်းချခြင်းဖြစ်သည်။


နစ်ဆန်၏ ဆန်နီကားမျိုး ဆက်သည် မြန်မာနိုင်ငံမှ ကားသုံး စွဲသူများနှင့် ရင်းနှီးပြီးဖြစ်ကာ ယခု ဆန်နီကားမျိုးဆက်၏ ၁၀ ဆက် မြောက်ကို ပြည်တွင်း၌ ဖြန့်ဖြူး ရောင်းချမည်ဟု တန်ချောင်မော် တာ (မလေးရှား)က ဇန်န၀ါရီ ၁၈ ရက်တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ၌ ထုတ်ပြန်ကြေ ညာခဲ့သည်။

တစ်စီးလျှင် ကျပ် ၂၀၆ သိန်းဖြင့် ရောင်းချခြင်းသည် အချိန်အ ကန့်အသတ်ရှိပြီး ၂၀၁၆ အတွင်း အဆိုပါကားကို ၀ယ်ယူရန် ကြို တင်အော်ဒါမှာယူထားမှု အစီးရေ ၁၅၀ ရှိကြောင်း သိရသည်။

Sunny ကားများအား ပြည် တွင်း၌ တပ်ဆင်ထုတ်လုပ်ခြင်းကို လက်ရှိတွင် မြန်မာနိုင်ငံမှ Brand New များ ထုတ်လုပ်တပ် ဆင်သည့် ဂျပန်ကားကုမ္ပဏီတစ် ခုတွင် ခေတ္တထုတ်လုပ်တပ်ဆင် နေပြီး နောက်ပိုင်း၌ နစ်ဆန်က ပဲခူးတွင် ၎င်း၏စက်ရုံကို ဖွင့်လှစ်ကာ အတည်တကျထုတ်လုပ် ရန် ရည်ရွယ်ထားကြောင်း သိရ သည်။ ယခုရောင်းချမည့် အင်ဂျင် ပါဝါ ၁၅၀၀ ရှိသော နစ်ဆန် Sunny ကားများကို MT၊ SV၊ SL ဟူ၍ အမျိုးအစားသုံးမျိုးခွဲခြား ထားပြီး အနိမ့်ဆုံး ကျပ် ၂၀၆ သိန်းမှ ၂၄၄ သိန်းအထိ ဈေးနှုန်းခွဲခြား ထားကြောင်း သိရသည်။

နစ်ဆန်သည် ၎င်း၏ကားစက်ရုံကို ပဲခူးစက်မှုဇုန်တွင် ၂၀၁၉ အတွင်း ဖွင့်လှစ်ရန် လျာ ထားပြီး ဈေးသက်သာစွာဖြင့်ပြည်တွင်းဈေးကွက်သို့ ၀င်ရောက်ရန် မျှော်လင့်ထားသည်။

နစ်ဆန်ကုမ္ပဏီအား ပြည် တွင်း၌ ယာဉ်ထုတ်လုပ်ခွင့်နှင့် တပ်ဆင်ခွင့်ကို ၂၀၁၃ ကတည်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားခြင်း ဖြစ်သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment