Tuesday, January 17, 2017

တပ်မတော်နှင့် RCSS အကြား နယ်မြေသတ်မှတ်ရေးကိစ္စ ပြည်နယ်အဆင့်တွင် ညှိနှိုင်းမရဖြစ်နေ

တပ်မတော်နှင့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ရေးထိုးထားသည့် ရှမ်းလက် နက်ကိုင်အဖွဲ့(RCSS)တို့အကြား နယ်မြေသတ်မှတ်ရေးကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အဆင့်တွင် ညှိနှိုင်းမရဖြစ်နေကြောင်း နှစ်ဖက် ကိုယ်စားလှယ်များထံမှ သတင်း ရရှိသည်။

NCA အရ နှစ်ဖက်ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေးကော်မ တီ (JMC) မျက်နှာစုံညီအစည်း အဝေးကို ပြီးခဲ့သည့် ဒီဇင်ဘာက ကျင်းပရာ နယ်မြေသတ်မှတ်ရေး ကိစ္စများကို ပြည်နယ်အဆင့် JMC တွင် စတင်ဆောင်ရွက်ရန် ပြည် ထောင်စုအဆင့် JMC က လမ်း ညွှန်ခဲ့သည်။ သို့ရာတွင် ဇန်န၀ါရီ ၁၂ ရက်က ရှမ်းပြည်နယ် ခိုလမ် မြို့၌ ကျင်းပသည့် JMC-S အ စည်းအဝေး၌ ညှိနှိုင်းခြင်းမရှိခဲ့ ကြောင်း သတင်းရရှိသည်။

RCSS ကိုယ်စားလှယ် ဗိုလ် မှူးစိုင်းဦးက ‘‘နယ်မြေသတ်မှတ် ရေးက အထက်လူကြီးချင်း ပြန် လည်ညှိနှိုင်းကြရမှာပါ။ ကျွန် တော်တို့ JMC-S မှာတော့ ဖြေ ရှင်းလို့ရမှာ မဟုတ်ပါဘူး’’ဟု ပြောသည်။

သို့ရာတွင် ဒေသဖွံ့ဖြိုးရေး နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တို့ကို အတူပူးတွဲလုပ်ဆောင်ရန် ရှမ်းပြည်နယ် JMC တွင် ဆွေးနွေး သဘောတူခဲ့သည်ဟု ၎င်းက ဆို သည်။

နှစ်ဖက်အကြား ချုပ်ဆိုထား သည့် စာချုပ်အပေါ် နားလည်မှု လွဲနေ၍ လက်ရှိတွင် နယ်မြေ သတ်မှတ်ရေး ဆွေးနွေးမရဖြစ်နေ သည်ဟု ရှမ်းပြည်နယ် JMC တပ် မတော် ကိုယ်စားလှယ် ဗိုလ်မှူး ကြီး လင်းကျော်ထင်က ပြောကြား သည်။

‘‘ကျွန်တော်တို့က နောက်လ တွေမှာ နယ်မြေသတ်မှတ်ဖို့အ တွက် ဆွေးနွေးကြရမှာ။ အဲဒီကျ မှ ကျိုင်းတုံစာချုပ်တွေ ဘာတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးသွား ရမှာ။ ကျိုင်းတုံစာချုပ်ရှိပြီးသား ပေါ့ဗျာ။ ဒါပေမဲ့ အဲဒီစာချုပ်အ ပေါ်မှာ နားလည်မှုတွေလွဲနေ တယ်။ အခက်အခဲကတော့ ကျွန် တော်တို့ဘက်က ဘာမှမရှိဘူး’’ ဟု ရှမ်းပြည်နယ်အဆင့် JMC အ တွင်းရေးမှူး (၂)လည်းဖြစ်သည့် ဗိုလ်မှူးကြီးလင်းကျော်ထင်က ပြောသည်။

အစိုးရနှင့် RCSS တို့ ၂၀၁၂ က ကျိုင်းတုံမြို့၌ ပြုလုပ်သည့် ပြည်နယ်အဆင့် အပစ်ရပ်စဲရေး တွင် ရှမ်းပြည်နယ် ဟိုမိန်း၊ မိန်း တော့နှင့် မိန်းထားဒေသများကို RCSS ဗဟိုဌာနချုပ်နယ်မြေအ ဖြစ် သတ်မှတ်ပေးထားကြောင်း သတင်းရရှိသည်။

‘‘ဟိုမိန်း၊ မိန်းတော့၊ မိန်း ထားကို ဗဟိုဌာနချုပ်နယ်မြေအ ဖြစ် သတ်မှတ်ပေးတဲ့အပေါ်မှာ ရှင်းရှင်းလင်းလင်း နားလည်မှု တွေ မတူကြဘူး။ ကျွန်တော်တို့ တပ်တွေဆိုရင် ဒီထိုင်း-မြန်မာ နယ်စပ်မှာ စခန်းငါးခုရှိပါတယ်။ စခန်းငါးခုအပြင် ပြည်တွင်းထဲမှာ ဆိုရင် ပြောက်ကျားတပ်တွေ၊ လှုပ်ရှားတပ်တွေ တရုတ်နယ်စပ် အထိ ရှိပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ နယ်မြေသတ်မှတ် တဲ့နေရာမှာ ဘယ်လိုသတ်မှတ်ကြ မလဲ။ ကျွန်တော်တို့ရောက်ရှိတဲ့ နေရာမှာပဲ နေကြပါဆိုတဲ့ အ ကြမ်းဖျင်းသဘောတူညီချက်တွေ ရရှိပါတယ်။ ဆိုတော့ အခု နယ် မြေသတ်မှတ်ဖို့အတွက် ပြန်ဆွေး နွေးလာတဲ့အပေါ်မှာ ဒေသအ ဆင့်တွေ၊ ပြည်နယ်အဆင့်တွေနဲ့ လောက် နားလည်မှုတည်ဆောက် နိုင်မှာ မဟုတ်ပါဘူးဆိုတာ သေ ချာပါတယ်’’ဟု RCSS ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလကပြော ကြားသည်။

နယ်မြေသတ်မှတ်ရေးဆောင် ရွက်နိုင်ရန် နှစ်ဖက်ခေါင်းဆောင် များ တွေ့ဆုံဆွေးနွေးရမည့် အ နေအထားဖြစ်ကြောင်း၊ NCA အ ရဆိုပါက နိုင်ငံရေးဖြစ်စဉ် တိုး တက်ပြောင်းလဲမှုအပေါ် အခြေခံ ပြီး စစ်ရေးပိုင်း၌ နှစ်ဦးနှစ်ဖက် လို အပ်ချက်အရ တွေ့ဆုံဆွေးနွေးညှိ နှိုင်းရမည်ဟု ပါရှိကြောင်း ၎င်းက ပြောသည်။

‘‘အမြန်ဆုံးလုပ်ဖို့ဆိုတာက တော့ ခက်ခဲမှာပဲလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော် တို့တပ်တွေ တရုတ်နယ်စပ်အထိ ရှိပါတယ်။ မြို့နယ်တိုင်းမှာဆိုရင် လည်း ပြောက်ကျားတပ်တွေရှိ တယ်။ မြေပေါ်မြေအောက်က လည်း စည်းအဖွဲ့တွေရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ ဘယ် လိုလုပ်ပြီးတော့ နားလည်မှုတည် ဆောက် ကြမလဲ။ တဖြည်းဖြည်း နဲ့တော့ လုပ်ဖို့လိုအပ်တယ်’’ဟု ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်း တပ်မတော်နှင့် RCSS တို့အကြား တိုက်ပွဲ ဆယ် ကြိမ်မက ဖြစ်ပွားခဲ့ကြောင်း ယင်း အခြေအနေသည် လက်မှတ်မ ရေးထိုးမီကထက် ဆယ်ဆကျော် လျှော့ချနိုင်ခဲ့သည့် အနေအထား ဖြစ်သည်ဟု သတင်းရရှိသည်။ တိုက်ပွဲဖြစ်ပွားရခြင်းသည် နယ် မြေသတ်မှတ်မှု တိကျစွာမရှိသေး ခြင်းကြောင့်ဟု နှစ်ဖက်ကိုယ်စား လှယ်များက အကြောင်းပြပြော ကြားထားသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment