လမ်းမပေါ်မှာ သွားလာနေတဲ့ ကားတွေရဲ့ အထက်မှာခွကျော်မောင်းနှင်သွားလာနိုင်အောင် အထူးဖန်တီးထားတဲ့ ယင်း ကားကြီးဟာဆိုရင် ယခင် သြဂုတ်လ စမ်းသပ်စဉ်ကာလတုန်းက လူမှုကွန်ရက်တွေကနေတဆင့် ကမ္ဘာတစ်ဝန်းကိုလူများအပြားကို ဆွဲဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။သို့ပေမယ့် နိုင်ငံမြောက်ခြမ်းက ယင်းယာဉ် စမ်းသပ်ခဲ့တဲ့ ဆိုဒ်ကတော့ ယခုအခါမှာ လှုပ်ရှားမှုမရှိတော့ဘဲ အသုံးမပြုတော့တဲ့နေရာဟောင်းတစ်ခုသာသာပဲကျန်ရစ်နေလျက်ရှိပါတယ်။နိုင်ငံရဲ့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာတွေကို ရှင်းပေးနိုင်မယ့် အဖြေတစ်ခုလို့ ယူဆခဲ့ကြပေမယ့်လည်း ယင်း ဘတ်စ်ကားကြီးဟာဆိုရင် တရုတ်ဆိပ်ကမ်းမြို့ Qinhuangdao မှာ လမ်းအသုံးပြုသူတွေကို တစ်ဆို့ပိတ်ပင်ထားတဲ့ ဇစ်မြစ်တစ်ခုအသွင်
ဆောင်နေပြီပဲဖြစ်ပါတယ်။
ယင်းမြို့ပေါ်က လမ်းမပေါ်မှာတော့ ၂၆ ပေအကျယ်ရှိယင်းဘတ်စ်ကားနဲ့ စမ်းသပ်ဆိုဒ်အတွက် သီးသန့်တစ်ဘက်ခြမ်မှာနေရာပေးထားရတာဖြစ်တဲ့အတွက်ကြောင့်ယခုဆိုရင် လမ်းရဲ့ တစ်ခြားတစ်ဘက်ခြမ်းမှာပဲ လားရာနှစ်ဘက်စလုံးက လာနေတဲ့ကားတွေဟာစုပြုံပိတ်ဆို့ကျပ်တည်းနေရတယ်လို့ သိရပါတယ်။တကယ်တမ်းဆိုရင် အရှည်ပေ ၇၂ ပေနဲ့ အမြင့် ၁၆ ပေ ရှိယင်းလျှပ်စစ်အားသုံး ကားကြီးကို စမ်းသပ်မောင်းနှင်ဖို့အတွက်လမ်းမပေါ်မှာ အထူးပြေးလမ်းတွေ တည်ဆောက်ထားခဲ့ရတာဖြစ်ပါတယ်။
သတင်းတွေအရတော့ ယင်းစီမံကိန်းကို ဖော်ဆောင်နေတဲ့ကုမ္ပဏီကတော့ သြဂုတ်လမတိုင်ခင် လမ်းမပေါ်က ကိုက် ၃၀၀ ရှည် ယင်းစမ်းသပ်ဆိုဒ်ကို ပြန်ဖျက်ပြီး မူလအခြေအနေအတိုင်း ပြန်ထားလိုက်တော့ဖို့ စီစဉ်နေတယ်လို့ ကြားရပါတယ်။
" ဒီကားကြီးအတွက် သီးသန့်လုပ်ထားတဲ့လမ်းတွေကရှိနေဆဲပါ၊ ဒီပြေးလမ်းတွေကြောင့် ကားလမ်းမတစ်ခုလုံးကိုကျဉ်းသွားစေတာပေါ့၊ ဒါကြောင့် လမ်းတွေပိတ်နေရတာပါ၊ ဒီကားကြီးရဲ့ ရှေ့အနာဂတ်ဘာဆက်ဖြစ်မလဲဆိုတာတော့ကျွန်တော်လည်း မသိပါဘူး" လို့ Qinhuangdao အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။ယခုလို အခက်အခဲတွေရှိနေရတဲ့နောက်ကွယ်က အကြောင်းရင်းတစ်ခုအနေနဲ့ကတော့ ယင်းဘတ်စ်ကားစီမံကိန်းကိုဖော်ဆောင်နေတဲ့ ကုမ္ပဏီမှာ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေ ပေါ်ပေါက်နေတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment