Monday, January 30, 2017

အိန္ဒိယ-မြန်မာနယ်စပ် နယ်နိမိတ်မျဉ်းနေရာများတွင်ညနေ ၆ နာရီမှနံနက် ၆ နာရီအတွင်းဖြတ်သန်းသွားလာခွင့်မပြုရန် အမိန့်ထုတ်

Image may contain: 3 people, sky, cloud and outdoor
အိန္ဒိယ-မြန် မာနှစ်နိုင်ငံ နယ်စပ်နယ်နိမိတ်မျဉ်း နေရာများ၌ ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် မပြုရန် တားမြစ်အမိန့်ထုတ်ပြန် ထားကြောင်း တမူးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရ ရှိသည်။

တမူးမြို့နယ်အတွင်း နေထိုင် လျက်ရှိသော ပြည်သူများ၏ လုံခြုံ ရေး၊ နယ်မြေအေးချမ်းရေးနှင့်တ ရားဥပဒေစိုးမိုးရေးအတွက် တား ဆီးကာကွယ်ထိန်းသိမ်းရန် ယင်းသို့ တားမြစ်အမိန့်ထုတ်ပြန်ထားခြင်း
ဖြစ်ကြောင်း တမူးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တမူးခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးကျော်နိုင်က ""နယ်စပ်လမ်းကြောင်း တွေကနေတစ်ဆင့် ပစ္စည်းတွေခိုးယူ ထုတ်တာ၊ တစ်ဖက်အိန္ဒိယနိုင်ငံအ တွင်း စီးပွားရေးပြဿနာတွေ၊ လမ်း ပိတ်ဆို့မှုပြဿနာတွေရှိတာကြောင့် တမူးမြို့ခံပြည်သူလူထုတွေ လုံခြုံရေး အတွက် ဒေသန္တရအမိန့်ရာဇသတ် ကြီးပုဒ်မ ၁၈၈ ကိုဇန်န၀ါရီ ၂၅ ရက်ကစပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်""ဟု ဇန်န၀ါရီ ၂၉ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ယင်းဖြတ်သန်းသွားလာခွင့် မပြုသော နေရာများတွင်နှစ်နိုင်ငံ နယ်စပ်သံတံတားမှ ပဲတန်းပေါက် ထိ နှစ်နိုင်ငံနယ်စပ်မျဉ်းအတိုင်း (ဗိုလ်နိုင်ဝင်းလမ်း)၊ ပဲတန်းပေါက်မှ နန်းဖာလုံဈေးထိ နှစ်နိုင်ငံနယ်စပ် မျဉ်းအတိုင်း (ဗိုလ်နိုင်ဝင်းလမ်း)၊ နန်းဖာလုံဈေးမှ ချောက်နက်ကြီးထိ
နှစ်နိုင်ငံနယ်စပ်မျဉ်းအတိုင်း (မြို့ ရှောင်လမ်း)၊ နယ်စပ်သံတံတားမှ နဂါးမင်းသမီးရေကန်ထိ နှစ်နိုင်ငံ နယ်စပ်မျဉ်းအတိုင်း (မြို့ရှောင် လမ်း) နှင့်နဂါးမင်းသမီးရေကန်မှ ဂေါက်ကွင်းနောက်ကျောထိ နှစ်နိုင် ငံနယ်စပ်မျဉ်းအတိုင်း (မြို့ရှောင် လမ်း) တို့ပါဝင်ကြောင်းသိရသည်။

ဦးကျော်နိုင်က""အိန္ဒိယဘက် ခြမ်းက လက်နက်ကိုင်အချို့လည်း သွားလာမှုတွေရှိနေတဲ့ သတင်းအရ ညပိုင်းစိစစ်နိုင်အောင် ပုဒ်မထုတ် ပြန်ထားတာပါ။ ဒေသတည်ငြိမ်မှ အမိန့်ကို ရုပ်သိမ်း
မှာဖြစ်ပါတယ်။ အမိန့်ထုတ်ပြန်ထားတဲ့နေရာတွေ မှာ ပါဝင်တဲ့
နယ်စပ်ဂိတ်အမှတ်(၁) ကနေနန်းဖာလုံဈေးသွားလမ်းနဲ့ တမူးမြို့ချောက်နက်ကြီးရပ်ကွက် နယ်စပ်စည်းရိုးတစ်လျှောက်ကို စစ် ဆေးမှာ ဖြစ်ပါတယ်""ဟု ပြောသည်။

တမူးနယ်စပ်ကုန်သည် ဦးခင် မောင်တင်က ""ညနေ ၆ နာရီမှနံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာ ခွင့်ပိတ်ထားပေမယ့် ကုန်သွယ်ရေး ကိုထိခိုက်တာ မရှိပါဘူး။ အရောင်း အ၀ယ်တွေက နေ့ဘက်လုပ်တာ
ဖြစ်တဲ့အတွက် မထိခိုက်ဘူး""ဟု ပြောသည်။


Credit To >>> Democracy Today

0 comments:

Post a Comment