Monday, January 30, 2017

တရုတ်-အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲကြီးတစ်ရပ် ဖြစ်ပေါ်လာနိုင်ကြောင်း Alibaba အကြီးအကဲ သတိပေး

Image may contain: stripes
ယခုလက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဦးဆောင်မှုအောက်မှာတော့ဖြစ်ပေါ်နေတဲ့ ပဋိပက္ခအကျပ်အတည်းတွေကို ပြေလည်အောင်ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဘူးဆိုရင်တော့ အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ်ရေးစစ်ပွဲကြီးတစ်ခုဖြစ်သွားနိုင်ကြောင်းတရုတ် e-commerce လုပ်ငန်းကြီး Alibaba တည်ထောင်သူJack Ma က သတိပေးပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ တရုတ်ရဲ့ စီးပွားရေးရှေ့အလားအလာဟာလည်း လက်ရှိ စီးပွားရေးဆက်လက်ကျဆင်းနေမှုကြောင့် မျှော်မှန်းထားတာထက်တောင် ပိုမိုခက်ခဲနေဖို့ရှိနေတယ်ဆိုပြီး ၎င်းကသတိပေးသွားပါတယ်။

“ လာမယ့် သုံးနှစ်ကနေ ငါးနှစ်အတွင်း စီးပွားရေး အခြေအနေကကျွန်တော်တို့အားလုံး ထင်ထားတာထက်တောင် ပိုပြီး ခက်ခဲကြမ်းတမ်းမယ့် အနေအထားကို ရောက်သွားနိုင်ပါတယ်” လို့ တရုတ်ဘီလျံနာသူဌေးကြီးက သတိပေးပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ ကာလအနည်းငယ်ကမှ သမ္မတ ထရမ့်နဲ့ တွေ့ဆုံခဲ့တဲ့Jack Ma က ပြောကြားရာမှာတော့ ယခုလက်ရှိ ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား အလားအလာပိုင်းမှာတော့ ကောင်းမွန်နေဆဲ့ ဆိုပင်သော်ငြားလည်း ပဋိပက္ခထိပ်တိုက်တွေ့မှုတွေကတော့ ဆက်ရှိနေဆဲပဲလို့ ပြောကြားသွားပါတယ်။

“ ဒီလို ထိပ်တိုက်တွေ့မှုတွေကိုသာ ကောင်းကောင်း မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ ဒီကနေတဆင့် ကုန်သွယ်ရေးစစ်ပွဲကြီးတစ်ခုဆီ ဦးတည်သွားနိုင်ပါတယ်၊ ဒီလိုသာဆိုရင် ကျွန်တော်တို့ တရုတ်အတွက်လည်း မကောင်းနိုင်သလို အမေရိကန်အတွက်ရောကမ္ဘာကြီးတစ်ခုလုံးအတွက်ပါ ကောင်းကျိုးတစ်ခုမှ ရလာစရာမရှိပါဘူး” လို့ ၎င်းက သတိပေးပြောကြားသွားပါတယ်။

လက်တလောမှာတော့ တရုတ်တို့ဟာ ငွေကြေးတွေကိုလိုသလိုကြိုးကိုင်နေပြီး အခွန်အကောက်စည်းကြပ်မှုတွေ တင်းကျပ်နေတယ်ဆိုပြီး ထရမ့်က စွပ်စွဲပြောကြားထားတာတွေ ရှိနေပါတယ်။




Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment