Wednesday, January 11, 2017

သစ်ထုတ်လုပ်မှုရပ်နားထားပေမဲ့ သစ်တောထွက်ပစ္စည်း ပြည်ပတင်ပို့မှုတွေ ကျဆင်းသွားခြင်းမရှိ

Image may contain: sky, grass, cloud, outdoor and nature
သစ်ထုတ်လုပ်မှုတွေ ရပ်နားထားပေမယ့်လည်း မြန်မာ့သစ်တောထွက်ပစ္စည်း ပြည်ပတင်ပို့မှုတွေ ကျဆင်းသွား ခြင်းမရှိဘူးလို့စီးပွားကူးသန်းဝန်ကြီးဌာနထုတ်ပြန်ချက်နဲ့ လုပ်ငန်းရှင်တွေထံကသိရပါတယ်။

လက်ရှိဘဏ္ဍာနှစ်ပြည်ပသစ်တောထွက်ပစ္စည်းတင်ပို့မှုက ကန်ဒေါ်လာ ၁၇၆ သန်းကျော်ရရှိထားပြီး အရင်နှစ် ထက်
ကန်ဒေါ်လာ ၂၈ သန်းဝန်ကျင်ပိုမို တင်ပို့နိုင်ခဲတယ်လို့ ၀န်ကြီးဌာနစာရင်းတွေအပေါ် အခြေတည်ပြီး မြန် မာနိုင်ငံသစ်တော်ထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းချုပ်တာဝန်ရှိသူကပြောပါတယ်။

“ စာရင်းဇယားအရဆိုရင်တော့ သစ်ထုတ်လုပ်မှုရပ်နားပေမယ့်လည်း အရင်ထုတ်ထားတဲ့သစ်ကုန်ကြမ်းတွေရှိ တော့ လည်ပတ်နေတဲ့အခြေအနေတော့ရှိပါတယ်၊ တကယ်တိုးတက်လာသလားလို့မေးရင်တော့ သစ်တော ထွက်ပစ္စည်းတင်ပို့မှုက အားရစရာမဖြစ်ပါဘူး” အသင်းတာဝန်ရှိသူကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပသစ်တောထွက်ပစ္စည်းတင်ပို့မှုက တစ်နှစ်မှာကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိရှိပေမယ့် လည်း အချောထည်တင်ပို့မှုမှာတော့ ကန်ဒေါ်လာ ၁၂ သန်း ၀န်းကျင်လောက်သာပါရှိတာကြောင့် အချောထည် ထုတ်လုပ်ရေးကဏ္ဍမှာ လိုအပ်ချက်တွေများစွာရှိနေသေးတယ်လို့လည်း ယင်းအသင်းဒု-ဥက္ကဋ္ဌဦးကျော်ကျော် ၀င်းကပြောဆိုထားပါတယ်။

အချောထည်ကဏ္ဍတိုးတက်ရေးအတွက် လိုအပ်တဲ့ကုန်ကြမ်း ပြန်လည်တင်သွင်းရာမှာ အခွန်ကင်းလွှတ်ခွင့်
ပေးဖို့ကိုလည်း အစိုးရထံတင်ပြုထားတယ်လို့ အသင်းတာဝန်ရှိသူကပြောဆိုသွားပါတယ်။

လက်ရှိမြန်မာ့သစ်တော့ဖုံးလွှမ်းမှုဧရိယာက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၄၂ ရာခိုင်နှုန်းဝန်းကျင်သာကျန်ရှိ တော့တာကြောင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အခုဘဏ္ဍာနှစ်သစ်ထုတ် လုပ်မှုကို ရပ်နားထားတာလည်းဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal



0 comments:

Post a Comment