လာမယ့် ဆယ်စုနှစ်တွင်းမှာတော့ အလုပ်အကိုင်သစ်ပေါင်း ၂၅ သန်းထိ ဖန်တီးပေးနိုင်အောင် စီစဉ်ထားတယ်လို့ ထရမ့်က ထုတ်ဖော်ကတိပြုသွားခဲ့တယ်လို့ သိရပါတယ်။
ယင်းပမာဏအတိုင်းသာဆိုရင် အမေရိကန်သမ္မတတွေထဲမှာ အမြင့်ဆုံးသော အလုပ်အကိုင်ဖန်တီးနိုင်မှု ဖြစ်လာဖို့ရှိနေလျက်ရှိပြီးတော့ သမ္မတ Bill Clinton လက်ထက်က အလုပ်အကိုင်ဖန်တီးနိုင်မှုအားအကောင်းဆုံးဖြစ်ခဲ့တဲ့ကာလတုန်းကတောင်စုစုပေါင်း အလုပ်အကိုင်ပေါင်း ၂၃ သန်းနီးပါးသာ ရောက်ရှိ ထားခဲ့တာဖြစ်ပါတယ်။
" နိုင်ငံပြင်ပကိုရောက်နေတဲ့ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်တွေ ကို နိုင်ငံထဲကို ပြန်ခေါ်ရပါလိမ့်မယ်၊ ကျွန်တော်တို့ရဲ့ ယ်စပ်တွေ ကို ပြန်ကာကွယ်ရပါမယ်၊ ကျွန်တော်တို့ရဲ့ ကြွယ်ဝမှုတွေကိုပြန်ယူရပါလိမ့်မယ်၊ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို ပြန်မက်နိုင်အောင် လုပ်ရပါလိမ့်မယ်" လို့ ထရမ့်က ပြောသွားပါတယ်။ ယင်းကို ပြောကြားချိန်မှာတော့ လက်ခုပ်သံတွေဆူညံသွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ အမေရိကန်ပြည်သူအများစု လက်ရှိ၎င်း တို့ရဲ့အခြေအနေက စီးပွားရေးပျက်ကပ်ဆိုက်ခဲ့တဲ့ အဆိုဆုံးနေ့ရက်တွေထက် အများကြီး ပိုကောင်းသွားပြီဆိုတာ လက်ခံအသိအ မှတ်ပြုထားပေမယ့်လည်း တစ်ချို့ကလည်း င်းအခြေအနေတွေကနေ အပြည့်အ၀ ပြန်လည်မလွတ်မြောက်သေးဘူးလို့ ယူဆနေကြတုန်းလို့ သိရပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment