အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာရေးနှင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် စီးပွားရေး ဆက်ဆံမှုများ မြင့်တက်လာစေရေးအတွက် မြန်မာကုမ္ပဏီများ Good Copporate Governance ကျင့်သုံးလာစေရေးနှင့် နှစ်နိုင်ငံကြား ငွေပေးချေးမှု စနစ်များ ပိုမိုလွယ်ကူ မြန်ဆန်လာစေရေးအတွက် အဓိက ဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှု အသင်းချုပ်က ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားခဲ့ခြင်း၊ GSP အခွင့်အရေးများ ပြန်လည်ရရှိခဲ့ခြင်းနှင့် နောင်တွင် မြန်မာ့စီးပွားရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း နှစ်ဖက်တွေ့ဆုံမှု ဆွေးနွေးချက်များတွင် ဖော်ပြခဲ့သည်။
အမေရိကန်အစိုးရမှ မြန်မာ့ကျောက်မျက်များ အပါအ၀င် အရေးယူ ပိတ်ဆို့ထားမှုအချို့ကို ဖယ်ရှားပေးခဲ့ပြီး နှစ်နိုင်ငံအကြား တိုက်ရိုက် ကုန်သွယ်မှုများ ပြန်လည် ထူထောင်ရန် ဆွေးနွေးမှုများကို ၂၀၁၆ ခုနှစ်ကတည်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုနှင့် တစ်ဆင့်ခံ ရင်းနှီးမြှုပ်နှံမှုတို့၌ အမေရိကန် ဒေါ်လာနှစ်ဘီလျံကျော် ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ အနည်းငယ်သာ ရှိသော်လည်း တစ်ဆင့်ခံ ရင်းနှီးမြှုပ်နှံမှုများဖြင့် အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်နေခြင်းဖြစ်ပြီး အထူးသဖြင့် စင်ကာပူနိုင်ငံ မှတစ်ဆင့် ခံဝင်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ပေးလိုက်ပြီး နောက်တွင်မူ အမေရိကန်၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများမှာ ပိုမိုတိုးတက်လာဖွယ်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားကြောင်း သိရသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment