Thursday, January 12, 2017

ဟံသာဝတီလေဆိပ်တည်ဆောက်ရေး ဂျပန်ကုမ္ပဏီနှင့် စတင်ဆွေးနွေး

 ဟံသာဝတီလေဆိပ်စီမံ ကိန်း စတင်နိုင်ရေး တင်ဒါအောင် မြင်ထားသော ဂျပန်နိုင်ငံရှိ ကုမ္ပဏီနှင့် သက်ဆိုင်ရာဝန်ကြီးဌာန တို့အကြား ဆွေးနွေးညှိနှိုင်းမှုများ စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးဦးဆောင်သည့် အ ပြည်ပြည်ဆိုင်ရာ ဟံသာဝတီလေ ဆိပ်တည်ဆောက်ရေး ညှိနှိုင်း ကော်မတီနှင့် လေဆိပ်ဆောက် လုပ်ရေး တင်ဒါအောင်မြင်ထား သော ဂျပန်နိုင်ငံမှ GC-Yangnam-Changi Airport International Consortium တို့က လေဆိပ်သစ်ဆောက်လုပ်ရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ဇန်န၀ါရီ ၁၁ ရက်တွင်    စတင်ဆွေးနွေးနေပြီဖြစ် ကြောင်း   အဆိုပါဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
‘‘ကျွန်တော်တို့က ဒီလ ၁၁ ရက်ကနေ ၁၃ ရက်အထိ သုံးရက်ကြာဆွေးနွေးမယ်။ ဒီတစ်ကြိမ် တည်း ပြီးချင်မှလည်း ပြီးမယ်။ မပြီးရင် နောက်တစ်ကြိမ်ထပ်ဆွေး နွေးရမှာပေါ့။ အဲဒီလိုဆွေးနွေးလို့ရလာတဲ့ သဘောတူညီချက်တွေ ကို လုပ်ငန်းကော်မတီ၊ ဦးဆောင် ကော်မတီအဆင့်ဆင့်ကို တင်ပြရ မှာပါ’’ဟု ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲ ထွဋ်အောင်က ပြောသည်။
ယင်းလုပ်ငန်းစဉ်များအရ တင်ဒါအောင်မြင်ထားသော ကုမ္ပ ဏီနှင့် လာမည့် သုံးလခန့်မှသာ တည်ဆောက်ရေးသဘောတူစာ ချုပ်ချုပ်ဆိုနိုင်မည်ဟု ခန့်မှန်း ကြောင်း ၎င်းကပြောသည်။
ယင်းစီမံကိန်းသည် ၂၀၁၂ က စတင်တင်ဒါခေါ်ယူဆောင် ရွက်သည့် အစိုးရ၊ ပုဂ္ဂလိကပူး ပေါင်းဆောင်ရွက်သော PPP စနစ်ကို အခြေခံသည့်စီမံကိန်းဖြစ် သည်။ မြန်မာနိုင်ငံ၏ အကြီးမား ဆုံးလေဆိပ်စီမံကိန်းဖြစ်မည့် ဟံသာဝတီလေဆိပ်ကို    GC-Yangnam-Changi Airport International Consortium က တင်ဒါအောင်မြင်ထားသည်။
ပဲခူးမြို့ ကျောက်တိုင်ကန် ရွာအနီးရှိ ယခင်ဒုတိယကမ္ဘာစစ် ဂျပန်ခေတ်က လေဆိပ်သဖွယ်အ သုံးပြုခဲ့သော မြေဧက ၉၀ ကျော် တွင် အကောင်အထည်ဖော်မည့် ဟံသာဝတီလေဆိပ်စီမံကိန်း သည် အမေရိကန်ဒေါ်လာ နှစ် ဘီလီယံခန့်     ကုန်ကျနိုင်ဖွယ်ရှိ ကြောင်း ၀န်ကြီးဌာနက ခန့်မှန်း ထားသည်။
မူလက ဟံသာဝတီလေဆိပ် စီမံကိန်းကို ၂၀၁၆ တွင် စတင်ရန် မျှော်မှန်းသော်လည်း ကုမ္ပဏီရွေး ချယ်မှုအပိုင်း ကြန့်ကြာနေ၍ ၂၀၁၇ မှသာ စတင်နိုင်မည်ဖြစ် သည်။
စီမံကိန်းကို ဦးသိန်းစိန်အစိုး ရလက်ထက်က တင်ဒါခေါ်ခဲ့ရာ တောင်ကိုရီးယား အင်ချွန်နိုင်ငံ တကာ ကုမ္ပဏီက တင်ဒါအောင် ခဲ့သော်လည်း အခြေအနေအချို့ ကြောင့် ယင်းသဘောတူညီမှု ပျက်ပြားခဲ့သည်။ ထို့ကြောင့် GC-Yangnam-Changi Airport International Consortium ကို ဆက်လက်ရွေးချယ်ပြီး လေဆိပ် စီမံကိန်းအကောင်အထည်ဖော် ရန် စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment