Monday, December 12, 2016

ခုနစ်နှစ်ကြာမြင့်မည့် မန္တလေးမြို့ပြစီမံကိန်းအတွက် ပြင်သစ်နိုင်ငံ အတိုင်ပင်ခံအဖွဲ့က ကွင်းဆင်းတိုင်းတာခြင်း များ စတင်ဆောင်ရွက်မည်

မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Mandalay Urban Services Improvement) တွင် ပါဝင်သော မန္တလေး မြို့တော်အတွင်း ရေနုတ်မြောင်းများ ကောင်းမွန်အောင်ဆောင်ရွက်ခြင်း နှင့် ရေဆိုးသန့်စင်စွန့်ပစ်မှု စနစ် အဆင့်မြှင့်တင်ခြင်းတို့အတွက် ပြင် သစ်နိုင်ငံ ၊ SUEZ Consulting အတိုင် ပင်ခံအဖွဲ့အစည်းက ကွင်းဆင်းတိုင်း တာမှုများကို တာဝန်ယူလုပ်ဆောင် ပေးမည်ဖြစ်ကြောင်း သိရသည်။

"မန္တလေးမြို့တော်စည်ပင်နဲ့ SUEZ Consulting အဖွဲ့အစည်း တို့ကြား သဘောတူစာချုပ်လက် မှတ်ရေးထိုးမှုကို ဒီဇင်ဘာလပထမ ပတ်ထဲမှာ ပြုလုပ်ထားပြီးဖြစ်တာ ကြောင့် သူတို့ဘက်ကလုပ်ငန်းတွေ ကို အမြန်ဆုံးအကောင်အထည်ဖော် ဖို့အတွက် စတင်ပြင် ဆင်နေပြီဖြစ် ပါတယ်။ အတိုင်ပင်ခံအဖွဲ့အစည်း အနေနဲ့ မြို့ပြစီမံကိန်းအတွက်ကွင်း ဆင်းတိုင်းတာခြင်း၊ ပုံစံရေးဆွဲခြင်း၊ လိုအပ်တဲ့ အထောက်အကူပြု ပစ္စည်း တွေကို ၀ယ်ယူခြင်းတို့ကိုစီစဉ်ဆောင် ရွက်ပေးမှာဖြစ်သလို လက်တွဲမယ့် ၀န်ထမ်းတွေအတွက်လည်း စွမ်း ဆောင်ရည်မြှင့်တင်မှု သင်တန်းတွေ ကို အခါအားလျော်စွာ ဖွင့်လှစ်ပို့ချ ပေးသွားမှာဖြစ်ပါတယ်။

စီမံကိန်း အကောင်အထည်ဖော်မယ့် ကာလ ကိုတော့ ခုနစ်နှစ်သတ် မှတ်ထား ရာ မှာ အတိုင်ပင်ခံအဖွဲ့အစည်း နဲ့ပူး ပေါင်းပါဝင်ဆောင် ရွက်မယ့် အဖွဲ့ အစည်းတစ်ခုကတော့ Nippon Koei ပဲဖြစ်ပါတယ်။ စီမံကိန်းရဲ့ အကျိုးရလဒ်အဖြစ် မန္တလေးမြို့ တွင်းဖြတ်သန်းစီး ဆင်းနေ တဲ့ ရေနုတ် မြောင်းတွေကို ပိုမိုသန့်စင်နေမှာဖြစ် ပြီးအထူးသဖြင့်တော့ သင်္ဂဇာချောင်း ဘေး ပတ်ဝန်းကျင်တွေမှာ သန့်ရှင်း သာယာလှပလာစေ မှာ ဖြစ်ပါတယ် " ဟု မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ တွဲဖက်အတွင်းရေး မှူးဖြစ်သူ ဦးသက်နိုင်ထွန်းက ဒီဇင် ဘာ ၉ရက် တွင် ပြောကြား သည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ချေးငွေအမေရိကန်ဒေါ်လာသန်း ၆၀အပြင် Grant အကူအညီ အမေ ရိကန်ဒေါ်လာလေးသန်းဖြင့် မန္တလေး မြို့ပြဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကို အကောင်အထည်ဖော် မည် ဖြစ်ရာ ရေ ဆိုးများအဓိ က စွန့်ပစ်နေသည့် သင်္ဂဇာချောင်း အတွင်း ရေဆိုးသန့် စင်စက်များ တပ်ဆင်သွားမည်ဖြစ် ပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှု မရှိစေရေး အတွက် ပုံစံရေးဆွဲဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ မန္တလေးမြို့ တွင်း လက်ရှိအသုံးပြုလျက်ရှိသော ရေဖြန့်ဖြူးမှုစနစ်ကိုပါ အဆင့်မြှင့် တင်မည့် အပြင် မလိုလားအပ်သည့် သောက်သုံးရေဆုံးရှုံးမှုများ လျော့ကျ သွားစေရန် လည်း စီမံကိန်းရေးဆွဲ ထားကြောင်း သိရသည်။


Credit To >>> Democracy Today

0 comments:

Post a Comment