Wednesday, November 30, 2016

KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် မုံးကိုးနယ်မြေမှ ပြည်သူများ တရုတ်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေး

KIA/TNLA/MNDAA လက်နက် ကိုင်အဖွဲ့များသည် မုံးကိုးနယ်မြေအား တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ဝဝဝ ကျော်သည် တရုတ်နိုင်ငံ မန်စီ မြို့နယ်အတွင်း တိမ်းရှောင်ထွက်ပြေး ခဲ့ရာ လူမှုကူညီရေးများ ဆောင်ရွက် ပေးလျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲရှောင် ဒေသခံ ပြည်သူ ၁ဝဝဝ ကျော်သည် တရုတ်နိုင်ငံ မန်စီမြို့နယ် မန်ဟိုင်မြို့ရှိ အသုံးမပြုသည့် စာသင်ကျောင်း၊ စက်ရုံဟောင်းနှင့် ဈေးအနီး ကွင်းပြင် များတွင် ယာယီတဲ ငါးလုံးဖြင့် နိုဝင်ဘာ ၂၈ ရက်အထိ နေထိုင်လျက် ရှိရာ ကိုးကန့်ဒေသမှ လူမှုရေးအသင်း တစ်ခုသည် ရွှေလီမှတစ်ဆင့် ဝင်ရောက်ပြီး မန်ဟိုင်မြို့သို့ သွားရောက်ကာ လူမှုကူညီရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment