
အမေရိကန် GSP အစီအစဉ်အရ ဖွံ့ဖြိုးဆဲနိုင်ငံများ (BeneficiaryDeveloping Countries – BDC) အတွက် အကောက်ခွန်ကင်းလွတ်တဲ့ကုန်စည်လိုင်း ၃၅၀၀ ခန့်နဲ့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (Least DevelopedBenificiary Developing Country- LDBDC) နိုင်ငံများကိုအကောက်ခွန်ကင်းလွတ်ခွင့်ရှိတဲ့ ကုန်စည်လိုင်း ၁၅၀၀ ခန့် ထပ်မံပေးအပ်ထားတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ကပေးအပ်တဲ့ GSP အခွင့်အရေးအရ ကုန်စည်လိုင်း ၅၀၀၀ ခန့်ကိုအကောက်ခွန်ကင်းလွတ်ခွင့် ခံစားရရှိမှာဖြစ်တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံက ပေးတဲ့ GSP အခွင့်အရေးကိုခံစားခွင့်ရရှိတဲ့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDBDC) အဖြစ် ၂၀၁၆၊ နိုဝင်ဘာ ၁၃ ရက်ကစတင်ပြီး ပြန်လည်ခံစားခွင့်ရရှိခဲ့ပြီးဖြစ်ပါတယ်။GSP အစီအစဉ်ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းအရ အမေရိကန်နိုင်ငံသို့မြန်မာနိုင်ငံမှ တင်သွင်းချိန်မှာ မြန်မာနိုင်ငံမှ ပါဝင်ထုတ်လုပ်တဲ့ ကုန်ကြမ်းတန်ဖိုးနဲ့ ထုတ်လုပ်မှု တိုက်ရိုက်ကုန်ကျစရိတ်မှာ ကုန်စည်ရဲ့ စုစုပေါင်းရာဖြတ်တန်ဖိုးမှာ ၃၅ ရာခိုင်နှုန်းထက်မနှုန်းပါဝင်ရန်
လိုအပ်တယ်လို့ ဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့မှ ကုန်ကြမ်းများနဲ့ ပေါင်းစပ်ထုတ်လုပ်မှုများကိုလည်း ခွင့်ပြုထားပါတယ်။အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေးဖြစ်တဲ့ GSP အစီအစဉ်ကို ၁၉၈၉ ခုနှစ်မှာယာယီပိတ်ပင်ခဲ့ပြီး ၂၀၁၆ ၊ စက်တင်ဘာ ၁၄ ရက်မှာ အမေရိကန်
သမ္မတရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံကတစ်ဖက်သတ်ပေးတဲ့ GSP အခွင့်အရေးကို ပြန်လည်ခံစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
GSP အစီအစဉ်မှာ အကျုံးဝင်တဲ့ ကုန်စည်များကို အမေရိကန်နိုင်ငံသို့ တင်ပို့ပါက GSP Form – A ကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ လျှောက်ထားနိုင်ပြီးGSP အစီအစဉ်အရ သတ်မှတ်ထားတဲ့ ပင်ရင်းနိုင်ငံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနဲ့ ကုန်စည်စာရင်းများကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၀က်ဆိုဒ်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Credit To>>> SFJ Strategy First Journal
0 comments:
Post a Comment