အဆိုပါနိုင်ငံပိုင် အကြီးစားစက်မှုလုပ်ငန်းစက်ရုံကြီးများကိုစိတ်ဝင်စားတဲ့ ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့
အကျိုးတူပူးပေါင်းဆောင်ရွက်သွားမယ့်အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
အမှတ်(၂၃) အကြီးစားစက်ရုံ(ညောင်ခြေထောက်)မှာPVC Wire ကြိုးထုတ်လုပ်မှုအလုပ်ရုံနဲ့ ဆက်စက်အလုပ်ရုံများ၊
Transformer ထုတ်လုပ်မှုအလုပ်ရုံ၊ Machine Tools ထုတ်လုပ်မှုအလုပ်ရုံများကို ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။အမှတ်(၂၆) အကြီးစားစက်ရုံ(သာဂရ) မှာ Turbine ၊ Generator နဲ့ ဆက်စပ်အလုပ်ရုံများကို ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။
စိတ်ဝင်စားတဲ့ ကုမ္ပဏီများအနေနဲ့ အဆိုပါအလုပ်ရုံများအားလုံးဒါမှမဟုတ်ကြိုက်နှစ်သက်ရာ အလုပ်ရုံများကို ရွေးချယ်ကာ စိတ်ဝင်စားမှုအဆိုပြုလွှာ Expression of Interest (EOI) တင်ပြနိုင်တယ်လို့ သိရပါတယ်။ အဆိုပြုလျှောက်လွှာများကို ဒီဇင်ဘာ ၂၁ ရက်နောက်ဆုံးထားပေးပို့ရမှာဖြစ်ပါတယ်။ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊
ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း၊ နည်းပညာပူးပေါင်းဆောင်ရွက်မယ့်နိုင်ငံခြားကုမ္ပဏီ စတဲ့ အထောက်အထားများကို
ထည့်သွင်းတင်ပြရမှာဖြစ်ပါတယ်။လက်ရှိအစိုးရရဲ့ ရက် ၁၀၀ စီမံချက်ကာလအတွင်းမှာ စက်မှုဝန်ကြီးဌာနရဲ့ အရှုံးပြနေတဲ့ နိုင်ငံပိုင်စက်ရုံ ၃ ခုကိုပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ပြီး စက်ရုံ ၁ ခုကို ရပ်ဆိုင်းခဲ့မှုကိုဆောင်ရွက်ခဲ့ပါတယ်။ ယင်းသို့ဆောင်ရွက်ပြီးနောက်နိုဝင်ဘာလအတွင်း စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မော်တော်ယာဉ်တာယာများ ထုတ်လုပ်တဲ့ အမှတ် (၂၁) အကြီးစားစက်ရုံ (သထုံ)ကိုလည်း တာယာနဲ့ ရော်ဘာပစ္စည်းများအခြေခံတဲ့စက်မှုလုပ်ငန်းများကို ပုဂ္ဂလိကနဲ့အကျိုးတူပူးပေါင်းဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
အမှတ်(၂၃) အကြီးစားစက်ရုံ (ညောင်ခြေထောက်)နဲ့ အမှတ်(၂၆) အကြီးစားစက်ရုံ(သာဂရ) တို့မှာ ပုဂ္ဂလိကနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်ဖို့ ထပ်မံစီစဉ်လာတဲ့ နိုင်ငံပိုင်စက်ရုံတွေဖြစ်ပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment