
အမေရိကန်နိုင်ငံက ပေး သည့် ကုန်သွယ်မှုဆိုင်ရာအထူးအ ခွင့်အရေး(GSP)တွင် အထည် ချုပ်ပို့ကုန်များပါဝင်ခြင်းမရှိသော ကြောင့် ပြည်ပသို့ ချုပ်ထည်တင် ပို့မှု သိသာစွာတိုးမြင့်မည်မဟုတ် ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦး မြင့်စိုးက ပြောသည်။
နိုဝင်ဘာလလယ်တွင် စတင်အသက်ဝင်မည့် အမေရိကန်နိုင်ငံ ၏ ကုန်သွယ်မှုဆိုင်ရာ အထူးအ ခွင့်အရေး(GSP) ၌ ကုန်ပစ္စည်း အမျိုးပေါင်း ၅၀၀၀ ကျော်ပါဝင် သော်လည်း အထည်ချုပ်မပါဝင် ခြင်းကြောင့် ဥရောပသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများကဲ့သို့ ချုပ်ထည်နှစ်ဆ ကျော်တိုးမြှင့်တင်ပို့နိုင်မည့်အခွင့် အရေးမရှိသေးကြောင်း ဦးမြင့်စိုး က ပြောသည်။
‘‘အမေရိကန်က အမှာတွေ ဝုန်းဒိုင်းနဲ့တက်လာဖို့မျှော်လင့်လို့ မရဘူး။ အခွန်နှုန်းထားကလည်း များတယ်’’ ဟု ဦးမြင့်စိုးက ဆို သည်။
အမေရိကန်နိုင်ငံသမ္မတ အို ဘားမားက မြန်မာနိုင်ငံကို GSP အခွင့်အရေးပေးမည်ဟု ကြေညာ စဉ်က ပြည်တွင်း စီးပွားရေးလုပ် ငန်းရှင်များက အထည်ချုပ်လုပ် ငန်းသည် အလားအလာ အ ကောင်းဆုံးဖြစ်မည်ဟု မျှော်လင့် ခဲ့ကြသည်။
အမေရိကန်အစိုးရက မြန် မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး(GSP)ပေးပါ က အထည်ချုပ်လုပ်ငန်းများ ဦး စွာ အကျိုးကျေးဇူးခံစားရမည်ဖြစ် ကြောင်းလည်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောထား သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်း ထုတ်ကုန်များဖြစ်သော လယ် ထွက်ကုန်များ၊ ရေထွက်ကုန်များ သည် စံချိန်စံညွှန်းသတ်မှတ်ချက် နှင့်ဈေးကွက်လိုအပ်သော အရည်အသွေးအလိုက် ထုတ်လုပ်နိုင်မှု မရှိဘဲ လိုအပ်ချက်များစွာ ရှိနေ ခြင်းကြောင့် အထည်ချုပ်လုပ်ငန်း တစ်မျိုးသာ အမြန်ဆုံး အကျိုးခံ စားမည့်လုပ်ငန်းဖြစ်သည်ဟု စီး ပွားရေးလုပ်ငန်းရှင်အချို့က ခန့် မှန်းခဲ့ကြခြင်းဖြစ်သည်။
သို့သော် အထည်ချုပ်လုပ် ငန်းသည် ကုန်သွယ်မှုဆိုင်ရာအ ထူးအခွင့်အရေးခံစားခွင့်တွင် မပါ ဝင်ခြင်းကြောင့် ဥရောပသမဂ္ဂနိုင် ငံများမှ အမှာများသာ လက်ရှိအ ချိန်တွင် အများဆုံးဖြစ်နေကြောင်း လှိုင်သာယာ စက်မှုဇုန် ၄ မှ အ ထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
၂၀၁၆ တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ချုပ်ထည်တင်ပို့မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံရရှိမည်ဟု မျှော်မှန်းထား ကြောင်း၊ လက်ရှိ၌လည်း ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့မှ အမှာများ ရှေ့လများတွင် တိုးမြင့်လာ မည်ဟု သိရသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment