ရန်ကုန်တိုင်းဒေသကြီး အတွင်း အသုံးပြုနေသော မော် တော်ဆိုင်ကယ်များကို လိုအပ် သည့် ဒေသန္တရအမိန့်များ ထုတ် ပြန်နိုင်ရေးနှင့် လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူနိုင်ရေး တိုင်းဒေသကြီး အစိုးရအား တိုက်တွန်းသောအဆိုကို လွှတ်တော်က အတည်ပြုလိုက်သည်။
အောက်တိုဘာ ၂၅ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော် အစည်းအဝေး တွင် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုင်ကယ်ကယ်ရီများကို တရားဝင်သတ်မှတ်ပေး ရန်မဖြစ်နိုင်ကြောင်း၊ဆိုင်ကယ်စီး နင်းခွင့်ကို ပေးနိုင်ဦးမည်မဟုတ် ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လွှတ်တော်၏ သဘောထားကို တောင်းခံခဲ့သည်။
လွှတ်တော်ဥက္ကဋ္ဌက လွှတ် တော်အမတ်များ၏ သဘောထား တောင်းခံခဲ့ရာ ကန့်ကွက်သူတစ်ဦး ရှိခဲ့သောကြောင့် လျှို့ဝှက်မဲပေးစနစ်ဖြင့် ဆုံးဖြတ်ခဲ့ပြီး အဆိုကို ထောက်ခံသူ ၆၆ ဦး၊ ကန့်ကွက်သူ ၃၉ ဦး၊ ပယ်မဲတစ်ဦး ရှိခဲ့သဖြင့် အဆိုအတည်ပြုခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်စည်ပင်သာယာနယ် နိမိတ်အတွင်း ဆိုင်ကယ်ကယ်ရီ ပြေးဆွဲမှုကို တရားဝင်ခွင့်ပြုမည် မဟုတ်ဘဲ ဆိုင်ကယ်စီးနင်းမှုနှင့် ပတ်သက်၍ မကြာမီ ဒေသန္တရ အမိန့်ထုတ်ပြန်မည်ဟု ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ ပြည်သူလူထုက ဥပဒေ ကို တစ်ဦးချင်း အသိစိတ်ဖြင့် လေးစားလိုက်နာရန် အလေ့အ ထမရှိသေးခြင်းကြောင့် မော်တော် ဆိုင်ကယ်စီးနင်းခွင့်ပေးဦးမည်မ ဟုတ်ဘဲ တည်ဆဲမော်တော်ယာဉ် ဥပဒေအရ ဆိုင်ကယ်ကို အငှား ယာဉ်အဖြစ် အသုံးပြုခွင့်မပေးဟု ပြဋ္ဌာန်းထားခြင်းကြောင့် ဆိုင် ကယ်ကယ်ရီများကို တရားဝင်ခွင့် ပြုပေးနိုင်မည်မဟုတ်ဟု ၎င်းက ပြောသည်။
ဆိုင်ကယ် ကယ်ရီပြေးဆွဲ ခြင်းကို တရားဝင် ခွင့်ပြုမည်မ ဟုတ်သော်လည်း လက်ရှိသယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် အများအ တွက် အသုံးဝင်မှုရှိနေခြင်း၊ ဖမ်း ဆီးအရေးယူရန် အခက်အခဲများ ရှိနေခြင်းတို့ကြောင့် ထိထိရောက် ရောက်တားမြစ်မှု ပြုလုပ်နိုင်ရန် လိုအပ်ချက်များ ရှိနေသည်ဟု ၎င်းက ပြောကြားသည်။
‘‘ဆိုင်ကယ် ဖမ်းဆီးရေးနဲ့ ပတ်သက်ပြီး တချို့က ပြောပါ တယ်။ အစီးတစ်ရာဖမ်းတယ်။ အစီးနှစ်ရာ ထပ်ရောက်လာ တယ်။ ဒါလည်းပဲ ကျွန်တော်တို့ တိတိကျကျဆောင်ရွက်မယ်ဆို ဆောင်ရွက်လို့ရပါတယ်။ ကျွန် တော်တို့အနေနဲ့မျှပြီး ဆောင်ရွက် နေကြရတာဖြစ်ပါတယ်။ သယ် ယူပို့ဆောင်ရေးစနစ်က ရန်ကုန် တိုင်းထဲမှာ ဆောင်ရွက်နေတာ တောင်မှပဲ အားလုံးပဲသိပြီးဖြစ် သလို ရာနှုန်းပြည့်မပြောနဲ့ တော် တော်လေးကို ဘာမှကို မစနိုင် သေးတဲ့အနေအထားထိ လောက် တောင်ရှိပါတယ်’’ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်းကပြောသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment