Monday, August 22, 2016

ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ လုံခြုံရေးအခြေအနေဆိုးရွားလာပါက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်မည်ဟုဆို


ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသများနှင့် ခရိုင်းမီးယားဒေသနှင့် ထိစပ်နေသော ဒေသအနီးတို့တွင် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ရန် မိမိအသင့် ရှိသည်ဟု သမ္မတ ပီထရို ပိုရိုရှန်ကိုက သြဂုတ် ၁၉ ရက် တွင် ပြောကြားသည်။

ခရိုင်းမီးယားဒေသအရှေ့ပိုင်းနှင့် ခရိုင်းမီးယား ဒေသတို့အတွင်း လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာ မည်ဆိုပါက စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ရဖွယ်ရှိကြောင်း ပိုရိုရှန်ကိုက ယူကရိန်းနိုင်ငံ အယ်ဗစ်ဒေသသို့ သွားရောက်စဉ် သတင်းထောက်များအား ပြောကြားသည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ အစိုးရတပ်ဖွဲ့များကို လွန်ခဲ့သည့်ညက တိုက်ခိုက်မှုအများအပြား ပြုလုပ်ခဲ့ကြောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိသော ဒေသတွင်း ပဋိပက္ခ ကြီးထွားလာနိုင်သည့် အခြေအနေ ရှိနေကြောင်း သမ္မတ ပိုရိုရှန်ကိုက ပြောကြားသည်။

ယူကရိန်းတပ်ဖွဲ့များသည် ဖြစ်လာနိုင်ခြေရှိသော ထိုးစစ်တစ်ခုကို ပြန်လည်ချေမှုန်း တိုက်ထုတ်နိုင်ရန် အစွမ်းကုန်ပြင်ဆင်ထားကြောင်း ၎င်းကအလေးအနက်ပြု ပြောကြားသည်။

အစိုးရတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ ရန်သူတပ်ဖွဲ့များကို ခုခံတွန်းလှန်ရန် အသင့်ရှိနေကြောင်း၊ ယင်းဒေသ၌ ပြိုင်ဘက်တပ်ဖွဲ့များက ဒွန်းဘက် ဒေသကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေကြောင်း သမ္မတ ပိုရိုရှန်ကိုက ပြောကြားသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment