Monday, August 8, 2016

အမေရိကန်နိုင်ငံကို လျှို့ဝှက်သတင်းပေးခဲ့သည် ဟုဆိုကာ နျူကလီးယားသိပ္ပံပညာရှင်ကို အီရန် ကွပ်မျက်


အမေရိကန်နိုင်ငံသို့ အရေးကြီးသတင်းအချက်အလက်များ လွှဲပြောင်းပေးခဲ့မှု ပြစ်ဒဏ်ထင်ရှားသည့် အတွက် နျူကလီးယားသိပ္ပံပညာရှင်တစ်ဦးကို ကွပ်မျက်ခဲ့ကြောင်း အီရန် တရားရေးရာ ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့တွင် ပြောကြားသည်။ ဂိုလန်ဟိုစိန် မိုဆန်နီ အီဂျီအီက “ရှာဟမ် အာမီရီဟာ ရန်သူကို နိုင်ငံရဲ့ ထိပ်တန်းလျှို့ဝှက်ချက်များကို လွှဲပြောင်းပေးခဲ့ကြောင်း ထင်ရှားပါတယ်” ဟုဆိုသည်။ အမေရိကန်နိုင်ငံမှ ပြန်လာပြီး တစ်နှစ်အကြာ ၂၀၀၉ ခုနှစ် ဇွန်လတွင် ဆော်ဒီအာရေးဘီးယားနိုင်ငံတွင် အသက် ၃၉ နှစ်အရွယ် အာမီရီ သည်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာတင်းမာမှုများဖြစ်ပေါ်နေစဉ် သူသည် နိုင်ငံမှ ထွက်ပြေးခဲ့ခြင်း သို့မဟုတ် ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်နိုင်သည်ဟုဆိုသည်။ သို့သော် အာမီရီသည် ၂၀၁၀ ခုနှစ် ဇူလိုင်လတွင် တီဟီရန်မြို့သို့ ပြန်လာခဲ့ပြီး ဆော်ဒီနိုင်ငံ မဒီနာမြို့တွင် စီအိုင်အေးဂျင့်နှစ်ဦး၏ ပြန်ပေးဆွဲမှုကို ခံခဲ့ရသည်ဟုသိရသည်။
Credit To >>> Democracy Today

0 comments:

Post a Comment