Tuesday, May 24, 2016

ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ကျားပုစွန်များကို စားသုံးရန်မသင့်ကြောင်း ပညာရှင်များ ပြောကြား

ထိုင်းနိုင်ငံမှ တစ်ဆင့် တရားမဝင်လမ်းကြောင်းများမှ တင်သွင်းလာသည့် ကျားပုစွန်များကို ဝယ်ယူစားသုံးရန် မသင့်ကြောင်း မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်များအသင်းမှ ပညာရှင်များက မေလ၂၃ရက်နေ့တွင် အကြံပြု ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံမှ ဗနားမီး (Vannamei) ဟု ခေါ်သော ကျားပုစွန်များကို နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် တရားမဝင်တင်သွင်းရောင်းချနေပြီး အဆိုပါ ပုစွန်များကို မွေးမြူစဉ်က ပုစွန်ကန်အတွင်းသို့ ပိုးသတ်ဆေးများ
အလွန်အကျွံထည့်ပေးရခြင်းနှင့် ယင်းပုစွန်များကို ကျွေးသော အစားအစာများမှာလည်း သဘာဝအတိုင်း မဟုတ်သည့် ဓာတုပစ္စည်းများနှင့် ပြုလုပ်ထားခြင်းကြောင့် စားသုံးသူများအနေဖြင့် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊
ကလေးမရနိုင်ခြင်းနှင့် ကင်ဆာရောဂါတို့ ဖြစ်စေနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မွေးမြူရေးတိရစ္ဆာန်များ ကို ကျွေးမွေးသည့် အစာများတွင် ဟော်မုန်းဆေးများ ထည့်သွင်းကျွေးမွေးခြင်းမပြုရန် အသိပေးကြေညာထားပြီး ပြည်တွင်းရှိ မွေးမြူရေးလုပ်ငန်းများတွင်လည်း စစ်ဆေးလျက်ရှိကြောင်း အမှုဆောင်ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်း က ပြောကြားခဲ့သည်။

Credit To >>> The Myanmar Times

0 comments:

Post a Comment