Tuesday, March 8, 2016

တိရစ္ဆာန် ဥ ယျာဉ် (နေ ပြည် တော်) သို့ မြင်းကျား နှစ်ကောင် ရောက်ရှိ ……


တိရစ္ဆာန် ဥ ယျာဉ် (နေ ပြည် တော်) သို့  မြင်းကျား နှစ်ကောင် ရောက်ရှိ ……
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တော ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ Sappon Zoon တို့၏ နှစ်နိုင်ငံ တိရစ္ဆာန် လဲလှယ်ရေး အစီအစဉ်တွင်   Htoo Zoon and  Gardens  Business  Uni တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တတိယအသုတ် အဖြစ် မတ် ၅ ရက် နံနက်ပိုင်းက တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်) သို့  မြင်းကျားအမ နှစ်ကောင်ရောက်ရှိ ခဲ့ကြောင်း သိရသည်။

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)သို့ ရောက်ရှိလာသော မြင်းကျားအမ နှစ်ကောင်မှာ အာဖရိကတိုက် မျိုးရင်းများဖြစ်ပြီး ထိုင်းနိုင်ငံမှ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး ရန်ကုန်မှ တစ်ဆင့် နေပြည်တော်သို့ မော်တော်ယာဉ်ဖြင့်  သယ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) အုပ်ချုပ်ရေးမှူး ဦးသန်းစိုးအေးက ပြောသည်။
တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်)၌   မြင်းကျားအထီး လေးကောင်နှင့်  အမတစ်ကောင် စုစုပေါင်း ငါးကောင် မွေးမြူပြသ ထားပြီး အသစ်ရောက်ရှိ လာ သော မြင်းကျားအမ နှစ်ကောင် အပါအဝင်   စုစုပေါင်းခုနစ်ကောင် တို့အား အများပြည်သူများ လေ့လာ ကြည့်ရှုနိုင်ရန်  ထိန်းသိမ်း ကာကွယ် စောင့်ရှောက် မွေးမြူပြ သ ထားကြောင်း သိရသည်။  

Credit To >>> မြဝတီ

0 comments:

Post a Comment