Tuesday, February 9, 2016

ဧပြီ ၁ ရက်မှစ၍ စီးကရက်တစ်လိပ် အမြင့်ဆုံး ၁၅ ကျပ်နှင့် ပြည်ပမှတင်သွင်းပါက ကုန်းပေါ်ရောက်တန်ဖိုး၏ ရာခိုင်နှုန်း ၁၂၀၊ အရက်တစ်လီတာ အမြင့်ဆုံး ၃၃၇၅ ကျပ်နှင့် ပြည်ပမှတင်သွင်းပါက ကုန်းပေါ်ရောက်တန်ဖိုး၏ ရာခိုင်နှုန်း ၆၀ အထိ ကောက်ခံရမည်ဖြစ်ကြောင်း အတည်ပြုပြဋ္ဌာန်း


အထူးကုန်စည်များ အဖြစ် အခွန်ကောက်ခံရာတွင် စီးကရက်၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးများ၊ ကွမ်းစားဆေးအမျိုးမျိုးကို အခွန် ရာခိုင်နှုန်း ၆၀၊ ကျွန်းနှင့် သစ်မာသစ်လုံးများ တစ်ဆယ်လက်မ ပတ်လည်နှင့် အထက် ကျွန်းနှင့် သစ်မာ သစ်ခွဲသားများကို အခွန် ၂၅ ရာခိုင်နှုန်း၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များကို အခွန်နှုန်း ရာခိုင်နှုန်း ၂၀ နှင့် အချောထည်များနှင့် လက်ဝတ်ရတနာများကို အခွန်နှုန်း ငါးရာခိုင်နှုန်း၊ Double Cab 4 Door Pickup မှ အပ 1800 CC အထက် ဗင် ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ၀က်ဂွန် (Estate Wagon) ကားများနှင့် ကူပေး (Coupe) ကားများကို အခွန်နှုန်း ၂၅ ရာခိုင်နှုန်း၊ ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများကို အခွန်နှုန်း ငါးရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့အပေါ် ရှစ်ရာခိုင်နှုန်း အခွန်သတ်မှတ်ခဲ့ကြောင်း ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment