Wednesday, January 27, 2016

လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီ တရပ် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်း


၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပရန် ခေါ်ယူထားသည့် ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ လွှတ်တော်လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်နိုင်ရန် လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီကို
ဦးဝင်းမြင့်၊ ဦးမန်းဝင်းခိုင်သန်း၊ ဦးမင်းဦး၊ ဒေါ်ခင်စန်းလှိုင်၊ ဦးအောင်စိုးတို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းလိုက်သည်။

အဆိုပါ ကော်မတီသည် လွှတ်တော်အစည်းအဝေးများ ကျင်းပရန် ရေးဆွဲခြင်း၊ လွှတ်တော်အစည်းအဝေး တက်ရောက်မည့် ဧည့်သည်တော်များကို ဖိတ်ကြားခြင်း၊ လွှတ်တော်အစည်းအဝေးများသို့ လေ့လာခွင့်တင်ပြမှုများကို စိစစ်ခွင့်ပြုခြင်း၊ လွှတ်တော်အစည်းအဝေးသို့ သတင်းရယူမည့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများကို စိစစ်ခွင့်ပြုခြင်း၊ အခြားသော လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး ထုတ်ပြန်သော ညွှန်ကြားချက်တွေ ဖော်ပြထားသည်။

Credit To >>> Irrawaddy News

0 comments:

Post a Comment