Saturday, December 5, 2015

IS အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သူ ဆီးရီးယားလူမျိုး ၁ဝဦး ထိုင်းနိုင် ငံ အတွင်း ဝင်ရောက်သည့်သတင်းကြောင့် ထိုင်း-မြန်မာနယ်စပ် အပါ အဝင် မြန်မာနိုင် ငံရှိနယ်စပ်များ၏လုံခြုံရေးကို ပိုမိုတင်းကျပ်ထားဟုဆို


 IS အကြမ်း ဖက်အဖွဲ့နှင့် ဆက်စပ်သူဆီးရီးယား လူမျိုးများထိုင်းနိုင်ငံအတွင်းသို့ ဝင် ရောက် လာသည် ဆိုသော သတင်း ကြောင့် ထိုင်း-မြန်မာနယ်စပ်အပါ အဝင်မြန်မာနိုင်ငံ ရှိနယ်စပ် များ၏လုံ ခြုံရေးကို ယခင်ထက်ပို၍ တင်းကျပ် စွာချထား ဆောင် ရွက်လျက်ရှိကြောင်း နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်မှ သိ ရသည်။

အီရတ်နှင့် ဆီးရီးယား IS အ ကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသော ဆီးရီးယားလူမျိုး ၁၀ ဦးသည် ထိုင်း နိုင်ငံအတွင်းသို့ အောက်တိုဘာလ အတွင်းက ဝင်ရောက်ကာ ရုရှားအ ကျိုးစီးပွားများအား တိုက်ခိုက်ရန် ကြိုးစားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ စာ ရွက်စာတမ်းများမှတစ်ဆင့် သိရှိရ သည်ဟု ရိုက်တာမှသတင်းများက ဆိုသည်။
နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲမှုးချုပ်စိုးမြိုင် က ''ကျွန်တော်တို့ အနေနဲ့ ဘန်ကောက်မှာ ဗုံးပေါက် ကွဲပြီးနောက်ပိုင်းနယ် စပ်ဝင်ထွက် ပေါက်နေ ရာတွေမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တပ်လှန့်ထားပါ တယ်။ သတိအနေအထား အရအမြဲ ဆောင်ရွက်နေတာပါ''ဟု ပြောကြား ခဲ့သည်။
နေပြည်တော်ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးဝင်းချွန်က ''နေပြည်တော် မှာဆိုရင်လည်း လုံခြုံ ရေးအတွက်မြို့ဝင်မြို့ ထွက်တွေ စစ် ဆေးတာ၊ စီစီတီဗွီမှတ်တမ်းတင်ရိုက် ကူးတာတွေ လုပ်ဆောင်ပြီး လျှပ်စစ် ဓာတ်အားခွဲရုံတွေ၊ အဝေးပြေး ဂိတ် တွေ မှာလည်း လုံခြုံရေး ကိုတင်းတင်း ကျပ်ကျပ်ဆောင်ရွက်ထားပါတယ်''ဟုပြောသည်။
ထို့အပြင် အိန္ဒိယဘက်မှ အ စွန်းရောက် ဖောက်ခွဲရေးသမား ၂၀ နှင့် တရုတ်နိုင်ငံဘက်မှဖောက် ခွဲ ရေးသမားအချို့ မြန်မာ နိုင်ငံထဲ သို့ ဝင်ရောက်နိုင်သည်ဆိုသော သတင်း များကို အင်တာပိုရ်ကမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်သို့ သတင်းပေးပို့ ထား သဖြင့် နယ်စပ်ဝင် ထွက်ပေါက် နေရာ များတွင် လုံခြုံရေးလုပ်ငန်း များ တင်းကျပ် စွာဆောင် ရွက်ထား ကြောင်းလည်းသိရသည်။
ယင်းတို့ကို ကာကွယ်နိုင်ရန် အတွက်ပြည်သူများအနေဖြင့် မသင်္ကာ ဖွယ် လူများနှင့် အခြေအနေများကို တွေ့ရှိပါက နီးစပ်ရာ ရဲစခန်များသို့ အကြောင်းကြားရန်၊ လိုအပ်သည့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို လည်းပေးထားကြောင်း ယင်းက ဆက်လက်တိုက်တွန်းပြောကြား ခဲ့သည်။

Credit  To >>> Democracy News 

0 comments:

Post a Comment