ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံရိုက်နှိပ်ခြင်းသည်
ပုဂ္ဂိုလ်ရေးဆန်သဖြင့်ရိုက်နှိပ်မည်မဟုတ်ဘဲ တိုင်းပြည်အတွက် အရေးကြီးသည့်
ကိစ္စရပ်များကိုသာ ဦးစားပေးလုပ်ဆောင်မည်ဟု အစိုးရဖွဲ့ခွင့်ရရှိထားသည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ဒီဇင်ဘာ ၇ ရက်က နေပြည် တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် လွှတ်တော်ရှိ
ပါတီစုံမှ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ၁
နာရီခွဲကြာတွေ့ဆုံစဉ်ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ငွေစက္ကူရိုက်နှိပ်ရန်
ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ထွန်းအောင်၏တောင်းဆိုမှု
ကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ငြင်းပယ်လိုက် ခြင်းဖြစ်သည်။
‘‘ဒီကိစ္စက နည်းနည်းတော့ ပုဂ္ဂိုလ်ရေးဆန်တယ်။ ဒီထက်အ
ရေးကြီးကိစ္စတွေလုပ်စရာတွေရှိ သေးတယ်။ ကျွန်မအနေနဲ့က တော့ မလုပ်ချင်ဘူး’’ဟု
ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ငွေစက္ကူရိုက် နှိပ်ရန် တောင်းဆိုမှုအပေါ်
ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာတွင် မိမိတို့၏ ခေါင်းဆောင်ပုံများဖြင့်
ငွေစက္ကူရိုက်နှိပ်ခြင်းများ ပြုလုပ်ကြပြီး မြန်မာနိုင်ငံတွင်လည်း
ပြုလုပ်သင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းအောင်က ပြောသည်။
‘‘ဒီချုပ် လွှတ်တော်မလာခင် တုန်းကလည်း အမျိုးသားလွှတ် တော်မှာ
တင်ပြဖူးတယ်။ နိုင်ငံတ ကာမှာ ခေါင်းဆောင်ပုံပါတဲ့ ပိုက် ဆံထုတ်ကြတယ်။
ကျွန်တော်တို့ နိုင်ငံမှာလည်း ထုတ်သင့်တယ်ဆို ပြီး အခုကထပ်တင်ပြတာပါ’’ ဟု
၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် ဗိုလ်ချုပ်အောင်ဆန်း သည် ၎င်း၏
ဖခင်ဖြစ်သည့်အ တွက် ငွေစက္ကူတွင်ရိုက်နှိပ်ပါက ပုဂ္ဂိုလ်ရေးဆန်မည့်သဘောဖြစ်
နေပြီး အဆိုပါကိစ္စထက် အရေး ကြီးသည့် ကိစ္စ၊ တာဝန်များကို
တိုင်းပြည်တိုးတက်ရန် အလေး ထားလုပ်ဆောင်မည်ဟု ပြော ကြားခဲ့ကြောင်း
ယင်းပွဲသို့ တက် ရောက်ခဲ့သည့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဂျေယော
ဝူက ပြောသည်။
Credit to>>> 7 Day Daily
Tuesday, December 8, 2015
ငွေစက္ကူပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ထုတ်ဝေခြင်းထက် တိုင်းပြည်အတွက် အရေးကြီးသည့်ကိစ္စများကိုသာ ဦးစားပေးဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment