Monday, December 21, 2015

အာဆီယံနိုင်ငံများအား ဗီဇာကင်းလွတ်ခွင့်ရပြီးဖြစ်သဖြင့် အိမ်နီးချင်းနိုင်ငံများသို့ မော်တော်ယာဉ်ဖြင့် ခရီးသွားလာနိုင်တော့မည်



အာဆီယံ နိုင်ငံများအား ဗီဇာကင်းလွတ်ခွင့်ရ ပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့် နယ်စပ်ခြင်း ထိစပ်နေသည့် အိမ်နီး ချင်းနိုင်ငံများသို့ မော်တော်ယာဉ်ဖြင့် ခရီးသွားလာနိုင်တော့မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် အသိုင်းအဝိုင်း မှသိရသည်။

ယင်းသို့ သွားရောက်နိုင်သည့် အတွက် မြန်မာနိုင်ငံနှင့် နယ်စပ်ခြင်း ထိစပ်နေသည့် မြန်မာနိုင်ငံအပါအ ဝင် (CMLV) လေးနိုင်ငံ ဝင်ဖြစ် သည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံများသို့ မော်တော်ယာဉ်ဖြင့် နယ်စပ်ဖြတ်ကျော် သွားရောက်နိုင် မည့် ခရီးစဉ် ကို ခရီးသွားလုပ်ငန်းရှင် အချို့က စီစဉ်နေကြောင်းသိရသည်။
ပြည်တွင်းခရီးသွားလုပ်ငန်းမှ ဦးမျိုးအောင်က ''မြန်မာနိုင်ငံသား တစ်ဦးမှာ ပတ်စ်ပို့ရှိရုံနဲ့ အဲဒီလေး နိုင်ငံကိုသွားရောက်ပြီး ခရီးစဉ်ဟာ ကုန်ကျစရိတ်များပြားမှာ မဟုတ်တာ ကြောင့် လူအများစိတ်ဝင်စားမှုရှိနေ တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့သိရ ပါတယ်။ မူလက အာဆီယံနိုင်ငံတွေ ကို လေယာဉ်နဲ့သွားရောက်တဲ့ ခရီး စဉ်တွေကိုသာစီစဉ်ကြပေမယ့် အခု ခရီးစဉ်က ကုန်ကျစရိတ်သက်သာ တာကြောင့် နယ်စပ်ဖြတ်ကျော်သွား လာတဲ့အစီအစဉ်ကို ရွေးချယ်ရတာ ဖြစ်ပါတယ်လို့သိရပါတယ်''ဟု ဆို သည်။
အဆိုပါခရီးစဉ်အတွင်း ယင်း နိုင်ငံများ၏ အဓိကအထင်ကရနေရာ များဖြစ်သည့် နာမည်ကြီးစေတီပုထိုး များ၊ ဈေးများကို လိုက်လံ ပို့ဆောင် ပေးမည်ဖြစ်ပြီး နယ်စပ်များရှိ အထင် ကရ သမိုင်းဝင်နေရာများအား လေ့လာ နိုင်မည်ဖြစ်ကြောင်းသိရသည်။
ယင်းခရီးစဉ်အတွက် အမေရိ ကန်ဒေါ်လာ ၉၀၀ ဝန်းကျင်ကုန်ကျ မည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံအလိုက် သံရုံးများနှင့် ချိတ် ဆက်ဆောင် ရွက်ခြင်း ဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာနမှလည်း ခွင့် ပြုထား ပြီးဖြစ်ကြောင်း သိရသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment