Toshiba Corp အနေနဲ့ ၎င်းရဲ့ ငွေကြေးမှတ်တမ်းတွေကို လွန်ခဲ့တဲ့
ခုနစ်နှစ်အတွင်း လိမ်လည်ဖော်ပြခဲ့မှုနဲ့ ပတ်သက်ပြီး ဂျပန် လုံခြုံရေး
စောင့်ကြည့်မှုအဖွဲ့က ကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်း ၆၀
( ၇ ဒသမ ၅ ဘီလီယံယန်း) ဒဏ်ငွေတပ်ရန် ပြင်ဆင်နေတယ်လို့ နို
ဝင်ဘာ ၁၈ ရက်က Nikkei စီးပွားရေးသတင်းကဆိုပါတယ်။
Toshiba ဟာ၈ ဒသမ ၄ ဘီလီယံယန်းခန့် ဒဏ်ငွေပေးဆောင်ရဖွယ်
ရှိနေတာကြောင့် အကျိုးအမြတ်များကိုပါ ထိခိုက်သွားနိုင်ခြေရှိနေပါတယ်။
အီလက်ထရောနစ်ပစ္စည်းများမှ နျူကလီးယား စွမ်းအင်ပစ္စည်းများကိုပါ
ထုတ်လုပ်နေသော Toshiba ဟာ ခုနှစ်တာ ကာလအတွင်း
အမြတ်ငွေပေါင်း ၁၅၅ ဘီလီယံ ယန်းရရှိခဲ့ပြီး ယင်းဖြစ်ရပ်ကို
စုံစမ်းစစ်ဆေးသူများကနေ မဖြစ်နိုင်ကြောင်းနဲ့
အလွန်အကျွံဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။
Toshiba အနေနဲ့ ၈ ဘီလီယံယန်းခန့် ဒဏ်ငွေတပ်ခံရနိုင်ပြီး
ဒဏ်ငွေတပ်ခံခဲ့ရပါက ယင်းပမာဏဟာ စံချိန်တင် ဒဏ်ကြေးပမာဏ
ဖြစ်လာလိမ့်မယ်လို့ Nikkei ကဆိုပါတယ်။
၂၀၀၈ ခုနှစ်အတွင်းက IHI Corp ဟာ ငွေစာရင်းနဲ့ပတ်သက်ပြီး
ဒဏ်ကြေးငွေ ၁ ဒသမ ၆ ဘီလီယံ ယန်း ပေးဆောင်ခဲ့ရပါတယ်။
Toshiba ဟာ ယင်းကဲ့သို့ တရားစွဲခံရပြီးနောက်ပိုင်း ယခင်
အမှုဆောင်ဟောင်း ငါးဦးကိုလည်း စီမံခန့်ခွဲမှုများယွင်းခြင်းကြောင့်
တရားစွဲခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Credit To >>> SFJ News
Thursday, November 19, 2015
ငွေကြေးအရှုပ်အရှင်းကြောင့် Toshiba ကုမ္ပဏီအား တရားစွဲရန် ပြင်ဆင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment