ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီ အချိန်
ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် လွှတ်တော်
နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၃၂၇ နေရာ ရရှိနေပြီ ဖြစ်ပါသည်။ ထို့ကြောင့်
နိုဝင်ဘာ ၁၃ ရက်တွက် ဆက်လက်ထုတ်ပြန်မည့် စာရင်းများ ထွက်ပေါ်လာသည်နှင့်
အစိုးရဖွဲ့ရန် လုံလောက်သော ပမာဏကို NLD က ရရှိမည် ဖြစ်ပါသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် အတွက် ၃၂၁ နေရာ
ပြုလုပ်ခဲ့ပြီး အမျိုးသား လွှတ်တော်အတွက် ၁၆၈ နေရာ ပြုလုပ်ခဲ့ပါသည်။ ထိုသို့
ပြုလုပ်ခဲ့သည့်အနက် NlD က ပြည်သူ့လွှတ်တော်တွင် ၃၁၆ နေရာ၊ အမျိုးသား
လွှတ်တော်တွင် ၁၆၃ နေရာ ၀င်ပြိုင်ခဲ့ပြီး လက်ရှိတွင် လွှတ်တော်နှစ်ရပ်ပေါင်း
၃၂၇ နေရာ အနိုင်ရရှိထားခြင်း ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်တွင်
လွှတ်တော်နှစ်ရပ်ပေါင်း ရွေးကောက်ခံ ကိုယ်စားလှယ် ၄၈၉ ဦးနှင့် တပ်မတော်သား
ကိုယ်စားလှယ် ၁၆၆ ဦး ရှိမည် ဖြစ်ရာ ပြည်ထောင်စု လွှတ်တော်တွက် ကိုယ်စားလှယ်
အရေအတွက် စုစုပေါင်း ၆၅၅ ဦးရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် NLD အနေဖြင့်
လွှတ်တော်နှစ်ရပ်ပေါင်း ၃၂၇ ဒသမ ၅ ဦးနှင့် အထက် အနိုင်ရရှိသည်နှင့် အစိုးရ
ဖွဲ့နိုင်တော့မည် ဖြစ်ပါသည်။
ကော်မရှင်က အတည်ပြုထုတ်ပြန်ရန်
ကျန်ရှိနေသော အနိုင်ရ ကိုယ်စားလှယ် အရေအတွက်မှာ ပြည်သူ့ လွှတ်တော်အတွက် ၄၇
နေရာ၊ အမျိုးသား လွှတ်တော်အတွက် ၃၅ နေရာနှင့် တိုင်းဒေသကြီး/ပြည်နယ်
လွှတ်တော်အတွက် ၁၃၆ နေရာ ဖြစ်ကြောင်း သိရပါသည်။
Credit To >>> Eleven Media Group
Friday, November 13, 2015
အစိုးရဖွဲ့ရန်လိုအပ်သော လွှတ်တော်ကိုယ်စားလှယ် ၃၂၇ ဒသမ ၅ ဦးအနက် ၃၂၇ ဦးကို NLD ရရှိထား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment